Politics, Law & Military
ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးနေရာများကို အစားထိုးခန့်အပ်

နေပြည်တော်၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
ရွေးကောက်ပွဲ ဝင်ရောက်ရန် နှုတ်ထွက်သွားသည့် ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ရာထူးများကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ခန့်အပ်လိုက်သည်။
ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ် ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို အတည်ပြု ခန့်အပ်ရန် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သဘောတူ ဆုံးဖြတ်ခဲ့သည်။
အဆိုပါ အစားထိုး ခန့်အပ်ရန် နိုင်ငံတော်သမ္မတ က ပြည်ထောင်စု လွှတ်တော်သို့အဆိုပြု တင်ပြခဲ့ရာ ပြည်ထောင်စု လွှတ်တော်မှ ကန့်ကွက်ရန် မရှိ သဘောတူကြောင်း ကြေငြာခဲ့သည်။ (Xinhua)