Politics, Law & Military
ကျောက်မဲတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ထိခိုက်ဒဏ်ရာရရှိသူမရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ)
ရှမ်းပြည်နယ် ကျောက်မဲမြို့ရပ်ကွက်(၈ )ကျောက်မဲ-မိုင်းငေါ့သွားကားလမ်းရှိ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အနောက်ဖက်၌ ဒီဇင်ဘာ ၁၇ရက်နေ့ ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ယင်းပေါက်ကွဲမှုဖြစ်ပွားရာနေရာ၌ ကျင်းငယ် တစ်ခု၊ စက်ဘီး ဘောစေ့အရွယ် ဘော့စေ့ ၁၈ စေ့ခန့်နှင့် ၄၀ မမ ဗုံးသီးဟုယူဆရသည့် ဗုံးသီးထိပ်ဖူး အပိုင်းအစ ၅ ခု တို့ကို တွေ့ရှိရကာ အဆောက်အဦ၏ ပြတင်းတံခါးမှန် ၂ ချပ်ကွဲအက်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။အဆိုပါ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ပေါက်ကွဲသံ ၂ ချက်ကြားပြီးနောက် ဆိုင်ကယ်တစ်စီးသည် ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းအတိုင်း အပြင်း မောင်းနှင်သွားကြောင်း သိရှိရပြီး ကားလမ်းဘက်မှ ၄၀ မမ ဗုံးသီးသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားကြောင်း သုံးသပ်ရရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။(Xinhua)