Connect with us

Politics, Law & Military

မောင်တောမြို့နယ်အတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွား

မောင်တောမြို့နယ်အတွင်း မီးလောင်ကျွမ်းနေသော နေအိမ်အားမီးငြိမ်းသတ်နေစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာများ ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှု ရက်ဆက်ဖြစ်ပွားလျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရထံမှ သိရသည်။

မောင်တောမြို့နယ် ငါးခူရမြောက် ကျေးရွာ၌ ဒီဇင်ဘာ ၁၇ ရက် ည ၉ နာရီ ၄၀ မိနစ် အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။အဆိုပါ မီးလောင်မှုကြောင့် ငါးခူရ မြောက် ကျေးရွာနေ ထရံကာ မြေစိုက်တဲတစ်လုံး မီးစလောင်ကျွမ်းနေရာ အနီးပတ်ဝန်းကျင် နေအိမ်များ၌ မည်သူတစ်ဦးတစ်ယောက်မှ မတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများက မီးငြိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။ကျီးကန်းပြင်(အလယ်ရွာနှင့်တောင်ရွာကြား)၌ ဒီဇင်ဘာ ၁၆ ရက် ည ၆ နာရီ ၁၀ မိနစ်ခန့်တွင် လူနေထိုင်ခြင်းမရှိသော နေအိမ်မှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၁၅ ပေပတ်လည်ရှိ ဓနိမိုးထရံကာ နေအိမ် ၅ လုံး မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့သည်။ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးရွာ ၁၃ ရပ်ကွက်တွင် ဒီဇင်ဘာ ၁၅ ရက်ည ၂ နာရီခန့်က နေအိမ်မီးကြွင်း မီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ သဖြင့် လူ ၂ ဦးသေဆုံးပြီး နေအိမ် ၈လုံးနှင့် ဈေးဆိုင်ခန်း ၉ ခန်း ပျက်စီး ဆုံးရှုံးခဲ့သည်။(Xinhua)