Politics, Law & Military
ချမ်းမြသာစည်မြို့နယ်၌ ရထားတွဲဟောင်း(၄)တွဲ မီးလောင်မှုဖြစ်ပွား
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ရထားတွဲဟောင်း(၄)တွဲ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့ ၀၀း၄၀ နာရီ အချိန် ချမ်းမြသာစည်မြို့နယ်၊ အကွက်အမှတ် (၈၈၃)၊ မြို့ဟောင်းဘူတာအတွင်းရှိ ပျက်စီး၍ ရပ်ထားသော ရထားတွဲဟောင်း(၄)တွဲ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစံသူ ဦးစီးအဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ရေသယ်/မီးသတ်ယာဉ်စုစုပေါင်း (၃၂) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၀၁း၃၀ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုဖြစ်စဉ် အကြောင်းအရင်းအား မြန်မာ့မီးရထားဌာနမှ ဌာနတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)