Politics, Law & Military
စစ်တွေမြို့၌ လုံခြုံရေး တိုးမြှင့်ထားပြီး မိုင်းဖောက်ခွဲသာ တရားခံအား စုံစမ်းနေဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ လက်ရှိတွင် လုံခြုံရေးအင်အားများ တိုးမြှင့်ထားပြီး မိုင်းဖောက်ခွဲခဲ့သော တရားခံအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်၌ ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်း၌ မိုင်း ၃ လုံး ပေါက်ကွဲပြီး မပေါက်ကွဲသေးသော မိုင်း ၃လုံးထပ်မံတွေ့ရှိမှုဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအင်အားများ ထပ်မံတိုးချထားကြောင်း၊ တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ရေးကိုလည်း ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး ပြောကြားသည်။
ပြီးခဲ့သော ဖေဖော်ဝါရီ ၂၁ ရက်ကလည်း လားရှိုးမြို့၊ အမှတ်(၂)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းဆုံရှိ ရိုးမဘဏ်၊ ဘဏ်ခွဲ(၁)၏ ဘေးဘက် ရေမြောင်း နေရာ၌ အကြမ်းဖက် သောင်းကျန်းသူ စိစစ်ဆဲအဖွဲ့ထောင်ထားသည့် ဒေသန္တရ မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရိုးမ ဘဏ်ဝန်ထမ်း အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထိခိုက် ဒဏ်ရာ ရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။(Xinhua)