Connect with us

Politics, Law & Military

အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ် ၁၂၂စီးအား အရေးယူ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် မော်တော်ယာဉ် ၁၂၂စီးအား စစ်ဆေးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ လမ်းမ၌ ဖေဖော်ဝါရီ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ အချိန်ထိ မော်တော်ယာဉ် ၄၆ စီး၊ လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ တိုးဂိတ်၌ မော်တော်ယာဉ် ၂၁ စီး၊ ဖြူးမြို့နယ်(၁၁၅)မိုင် ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၂၉ စီး၊ တံတားဦးမြို့နယ် စကားအင်း တိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ မိတ္ထီလာမြို့နယ် သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၁၃ စီး၊ စုစုပေါင်း ၁၂၂ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခါးပတ်မပတ်ဘဲမောင်းနှင်သည့် မော်တော်ယာဉ်များ စစ်ဆေးအရေး ယူလျက်ရှိရာတွင်လည်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့နယ် စကားအင်း တိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)