Politics, Law & Military
ဈေးကွက် အတွင်း ရောင်းချနေသည့် စားသုံးရန် မသင့်သော အစားအသောက် အမှတ်တံဆိပ် ၇ မျိုးအား အသိပေး ကြေညာ
ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဝယ်ယူစစ်ဆေးရာ အစားအသောက် အမှတ်တံဆိပ် ၇ မျိုးတွင် ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန် မသင့်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာခဲ့သည်။
စားသုံးရန် မသင့်သည့် အစားအသောက် အမျိုးအစားများတွင် အရောင်တင်မှုန့်၊ လက်ဖက် ၊ ပဲကြီးလှော် ၊ လက်ဖက်နှပ် ၊ ပုဇွန် ငါးပိထောင်း ၊ မျှင်ငါးပိထောင်း ၊ စိမ်းစား ငါးပိထောင်း အမျိုးအစားများ ထုတ်လုပ်သည့် အမှတ်တံဆိပ် ၇ မျိုး ပါဝင်ကြောင်း သိရသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစား အသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေး ဖော်ပြထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စိစစ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)