Politics, Law & Military
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးသုံးဦး ခန့်အပ်

ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ)
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဝန်ကြီးသုံးဦးအား မတ်လ ၂၆ ရက်တွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ခန့်အပ်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဒေါ်ရီရီချို၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဦးလှထွေးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ဦးအောင်သူရကို ခန့်အပ်လိုက်ကြောင်း သိရသည်။(Xinhua)