Politics, Law & Military
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ
ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အထူးလေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖော်ပြမှုအရ သိရသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်(ဓာတ်ပုံ – MOI)
ဝမ်ရိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်မှ ၁၆ ရက်အထိ မြန်မာ၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံများသို့ တရားဝင်အလည်အပတ်ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)