Politics, Law & Military
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လာအို နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည်

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
လာအို နိုင်ငံ ၊ ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး နှင့် ဆက်စပ် အစည်းအဝေးများအား တက်ရောက်ခဲ့သော ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့မှ ထိုင်းလေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)