Politics, Law & Military
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် ဇနီးသည် ယနေ့ ကျင်းပသော ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ၌ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်ရှိ မဲရုံအမှတ်(၃)၌ ဆန္ဒမဲလာရောက်ပေးခဲ့သည်။
တာမွေမြို့နယ်ရှိ ရပ်ကွက်ပေါင်း ၂၀တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉,၉၀၀၀ကျော်ရှိပြီး မဲရုံပေါင်း ၁၂၃ရုံရှိကြောင်း သိရသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဆန္ဒမဲလာရောက်ပေးနေစဉ်(ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ဆန္ဒမဲလာရောက်ပေးနေစဉ်(ဆင်ဟွာ)
ယခု ၂၀၁၈ ခုနှစ်တွင် ကျင်းပသော ကြားဖြတ် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး နှင့် ပြည်နယ် ၉ ခုရှိ လစ်လပ် မဲဆန္ဒနယ် ၁၃ နေရာတွင် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ ဦးရေ ၉၀၂,၇၅၀ ဦး ရှိပြီး ဆန္ဒမဲရုံ စုစုပေါင်း ၁၃၈၃ ရုံ ရှိကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၂၄ ပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၂ ဦး နှင့် တစ်သီး ပုဂ္ဂလ ၇ ဦး စုစုပေါင်း ၆၉ ဦး ဝင်ရောက် ယှဉ်ပြိုင် အရွေးချယ်ခံကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)