Politics, Law & Military
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည်
နေပြည်တော်၊ မေ ၅ ရက် (ဆင်ဟွာ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ၂၂ ခုမြောက် ဝန်ကြီးဌာန အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေး ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယနေ့ ကြေညာ လိုက်သည်။
အစိုးရသစ် ဖော်ဆောင်နေသော အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ပိုမိုအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနကို ထပ်မံ ဖွဲ့စည်းရန် နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဘောထား ရယူပေးရန် ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် သဝဏ်လွှာ ပေးပို့ခဲ့သည်။
လက်ရှိ အစိုးရသစ် လက်ထက်တွင် ဝန်ကြီးဌာန ၂၁ ခုကို ဖွဲ့စည်းထားပြီး ယခု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာန အမည်ဖြင့် ဝန်ကြီးဌာန အသစ်တစ်ခုကို ထပ်မံ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး ဆွေးနွေးလိုသူများသည် မေလ ၉ ရက်၌ ပြည်ထောင်စု လွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရုံးသို့ အမည်စာရင်း ပေးသွင်းရမည် ဖြစ်သည်။
လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဆိုင်ရာပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူလျက် ရှိသည်။
ပြည်ထောင်စု လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို မေလ ၁၀ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။ (Xinhua)