Politics, Law & Military
ပင်လယ်ပြင်တွင် မီးလောင် နစ်မြုပ်ခဲ့သည့် မြန်မာငါးကဲ့လှေမှ လှေသားများအား စစ်ရေယာဉ်မှ ကယ်ဆယ်
ရန်ကုန်၊ ဖေဖော်ရီ ၂၃ ရက် (ဆင်ဟွာ)
မြိတ်မြို့နေ ဦးမင်းဦး ပိုင်ဆိုင်သည့် ခိုင်လင်းစိုး(၁၈၀) အမည်ရှိ ငါးကဲ့လှေသည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဘုတ်ပြင်းမြို့ အနောက်တောင်ဘက် ၃၅ မိုင်ခန့် အရောက် စက်မကြီး အပူလွန်ကဲ၍ မီးပွားများ လွင့်စင်ရာမှ လှေတစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း တပ်မတော်-ရေ မှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရေယာဉ်မီးလောင်မှု သတင်းကို ရရှိသည်နှင့် ပင်လယ်ပြင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ရေယာဉ် ၅၆၇ သည် မီးလောင်နေသည့် နေရာသို့ ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာ မီးလောင်နေသည့် လှေနှင့် ကိုက် ၆၀၀ ခန့် အကွာတွင် ရေကူးနေကြသည့် ပဲ့နင်း ဦးအုန်းမောင် ဦးစီးသည့် လှေသား ၁၅ ဦး စုစုပေါင်း ၁၆ ဦးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း၊ လှေမီးလောင်မှုကြောင့် လူ သေဆုံးမှု မရှိခဲ့ကြောင်းနှင့် လှေသား အားလုံးကို ကယ်ဆယ် နိုင်ခဲ့ကြောင်း တပ်မတော်-ရေ မှ သတင်း ထုတ်ပြန်ခဲ့သည်။ (Xinhua)