Connect with us

Politics, Law & Military

TNLA နှင့် SSA တို့ တိုက်ပွဲများဖြစ်ပေါ်နေသော နေရာများသို့ မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်

TNLA နှင့် SSA တို့ တိုက်ပွဲများဖြစ်ပေါ်နေသော နေရာပြမြေပုံအား တွေ့ရစဉ် (ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်-ကျောက်မဲမြို့နယ်များအတွင်း ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး (PSLF / TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS / SSA)တို့ တိုက်ပွဲမျာ းဖြစ်ပေါ်နေသော နေရာများသို့ မြန်မာ့တပ်မတော်မှ နယ်မြေရှင်းလင်းရေး ပြုလုပ်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့သည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်အထိ တိုက်ပွဲ(၂၀) ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းလက်နက်ကိုင်အဖွဲ့ များသည် ကျေးရွာများကို မီးရှို့ခြင်း၊ ရဟန်းသံဃာများကို ဖမ်းဆီးခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ (၁၀) ရက်မှ (၁၅) ရက်အတွင်း ကျောက်မဲ ခရိုင်အတွင်းမှ ဒေသခံပြည်သူ အမျိုးသား (၁၄၆၇) ဦး၊ အမျိုးသမီး(၂၁၉၀) ဦး၊ စုစုပေါင်း (၃၆၅၇) ဦး သည် ကျောက်မဲမြို့ပေါ်နှင့် မိုးမိတ်၊ နမ့်ခမ်းမြို့နယ်များရှိ ကျေးရွာများသို့ တိမ်းရှောင်နေရသည်။

မြန်မာ့တပ်မတော်အနေဖြင့် တိုင်းရင်းသားညီအစ်ကိုအချင်းချင်းအကြား ညှိနှိုင်း ဖြေရှင်းနေကြောင်း မြေပြင်သတင်းများအရလည်းကောင်း၊ နှစ်ဘက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ကြေညာချက်များ အရလည်းကောင်း စောင့်ကြည့်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပေါ်နေသော နေရာများရှိ ဒေသခံပြည်သူများအနေဖြင့် ဘေးဒုက္ခများ ပိုမိုကြုံတွေ့လာရသဖြင့် ဖေဖော်ဝါရီ ၁၂ ရက်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက SSAအဖွဲ့မှ JMC-S ဒုတိယဥက္ကဌ(၁) ဦးစိုင်းအောင်မြထံသို့ SSA အဖွဲ့ကို သဘောတူ သတ်မှတ်ပေးထားသည့် နေရာသို့ ပြန်လည်ထွက်ခွာစေရန်နှင့် SSA (ရွက်ဆစ်)အဖွဲ့ နယ်မြေ ကျော်လွန် ဝင်ရောက်ခဲ့မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြား စာပေးပို့ခဲ့သည်။

ယင်း တပ်မတော်မှ ပေးပို့သော အကြောင်းကြားစာအပေါ် SSAအဖွဲ့အနေဖြင့် သတ်မှတ်နေရာသို့ ပြန်လည် ထွက်ခွာသွားမည် မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည့်အပြင် လက်နက်ကိုင်အင်အားများ ပိုမို ဖြည့်တင်း ဝင်ရောက်လာခြင်းများကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ် အခန်း(၁) ပုဒ်မ(၂၀)(င)အရ လည်း ကောင်း၊ အခန်း(၇) ပုဒ်မ (၃၄၁)အရ လည်းကောင်း၊ ပြဋ္ဌာန်းချက် များနှင့်အညီ နယ်မြေခံ တပ်များဖြင့် အဆိုပါနယ်မြေအတွင်း ရောက်ရှိလှုပ်ရှားလျက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို တပ်မတော်မှ ရှင်းလင်းလျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.