Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတအား ဂါရဝပြုမည့် သူများ လိုက်နာရန် အချက်များ လူငယ်ဦးစီးအဖွဲ့မှ ထုတ်ပြန်

နိုင်ငံတော်သမ္မတအား ဂါရဝ ပြုမည့်သူများ လိုက်နာရန် အချက်များအား တွေ့ရစဉ် (ဓာတ်ပုံ-- The Statesman & The Youth )

ရန်ကုန်၊ ဖေဖော်ရီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ငံတော် သမ္မတအား ဂါရဝ ပြုမည့်သူများ လိုက်နာရန် အချက်များအား နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံမည့် လူငယ် ဦးစီးအဖွဲ့မှ သတင်း ထုတ်ပြန်သည်။

လူငယ် ဦးစီးအဖွဲ့ အနေဖြင့် နိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံပွဲတွင် မည်သည့် သူငယ်ချင်း တစ်ဦး တစ်ယောက်ကိုမျှ ချန်ရစ်ခဲ့လိုခြင်း မရှိကြောင်း၊ ၁၅-၂-၂၀၁၆ ရက်နေ့တွင် စာရင်း ပိတ်သိမ်းခဲ့ပြီး အင်အား ၂,၀၀၀ ခန့်ဖြင့် တွေ့ဆုံပွဲ ကျင်းပရန် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၁၉ ရက်နေ့ နံနက်ခင်းပိုင်း အထိ ရောက်ရှိလာသော စာရင်းများကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြခဲ့ပြီးနောက် နိုင်ငံတော် သမ္မတရုံးမှလည်း လက်ခံ စစ်ဆေးပြီး အခမ်းအနား အတွက် လိုအပ်သည်များ ဆောင်ရွက်ရန် အတည်ပြု ရယူသွားပြီ ဖြစ်ကြောင်း၊ လက်ရေးစာရင်း၊ ဖုန်းမက်ဆေ့ချ်၊ ဖေ့စ်ဘွတ်မက်ဆေ့ချ်၊ ဗိုက်ဗာမက်ဆေ့ချ် စသည်ဖြင့် ပုံသဏ္ဍာန် မျိုးစုံဖြင့် ရောက်ရှိလာသော စာရင်းများကို ဖော်ပြပါ အချိန်အထိ ရောက်ရှိလာသမျှ လွှဲပြောင်း တင်ပြပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထပ်တိုးစာရင်း ခွင့်ပြုပေးရန်အတွက်လည်း လူကြီးများထံ ထပ်မံ ကြိုးစား တင်ပြပါသွားမည် ဖြစ်ကြောင်း လူငယ် ဦးစီးအဖွဲ့၏ သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

လိုက်နာရန် စည်းကမ်းချက်များ အနေဖြင့် ၁၀ ချက်ပါဝင်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စည်းကမ်းချက်များထဲတွင် ထည့်သွင်း ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.