Politics, Law & Military
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုဖွဲ့စည်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ငါးခုအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးမည့် အကြောင်းအရာများအပေါ်အခြေခံ၍ စနစ်တကျ စီမံဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်း ကော်မတီ ငါးခုဖြစ်သော နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ လူမှုရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ စီးပွားရေးကိစ္စရပ်များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ၊ လုံခြုံရေးကိစ္စရပ်များဆွေးနွေးမှုလုပ်ငန်းကော်မတီနှင့် မြယာနှင့်သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ မူဝါဒကိစ္စရပ် များ ဆွေးနွေးမှုလုပ်ငန်းကော်မတီ တို့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ ဖွဲ့စည်းမှုကိုသက်ဆိုင်ရာ လုပ်ငန်းကော်မတီတစ်ခုလျှင် အစိုးရ၊တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင် နိုင်ငံရေး ပါတီများမှပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံ ကိုယ်စားလှယ်၄ ဦးစီ နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ွဲကော်မတီ ၊ အတွင်းရေးမှူးးအဖွဲ့ဝင် ၃ ဦး၊ စုစုပေါင်း ၁၅ ဦးစီဖြင့် ဖွဲ့စည်းရန် သဘောတူဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။လုပ်ငန်းကော်မတီများ၏ သက်တမ်းသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခ-ံ ၂၁ ရာစုပင်လုံ ကျင်းပသည့် သက်တမ်းအတိုင်းဖြစ်ပြီး လုပ်ငန်းကော်မတီဝင်များအား အစားထိုးလိုပါက သက်ဆိုင်ရာ ကိုယ်စားပြုအစုအဖွဲ့က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ၏ အတည်ပြုချက်ဖြင့် အစားထိုးနိုင်ကြောင်း သိရသည်။ လုပ်ငန်းကော်မတီဝင်များသည် ကော်မတီ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရန်အတွက် တာဝန်အရ သွားလာရသည့် ခရီးစရိတ်၊ ချီးမြှင့်ငွေနှင့် လိုအပ်သည့်ထောက်ပံ့မှုများကို သတ်မှတ်ထားသည့် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ မူဝါဒများနှင့်အညီခံစားခွင့်ရှိကြောင်း တင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)