Politics, Law & Military
ပြည်သူ့လွှတ်တော် အစုအဖွဲ့အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယ သမ္မတလောင်းအဖြစ် ဒေါက်တာစိုင်းမောက်ခမ်းအား အဆိုပြု တင်သွင်း

နေပြည်တော် ၊ မတ် ၁၀ ရက် (ဆင်ဟွာ)
ပြည်သူ့လွှတ်တော် အစုအဖွဲ့အနေဖြင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်းအား ယနေ့မတ်လ ၁၀ ရက်တွင် ဒုတိယ သမ္မတလောင်း အဖြစ် မိတ္ထီလာ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက အဆိုပြု တင်သွင်းခဲ့ပြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းက ထောက်ခံခဲ့သည်။