Connect with us

Politics, Law & Military

ဒုတိယ သမ္မတ လောင်းများ အဖြစ် အမည်စာရင်းတင်သွင်းခံရသူများအား သူရဦးရွှေမန်းက ကြိုဆိုဂုဏ်ပြု

ဒုတိယ သမ္မတ လောင်းများ အဖြစ် အမည်စာရင်းတင်သွင်းခံရသူများအား သူရဦးရွှေမန်းက ကြိုဆိုဂုဏ်ပြုလွှာအားတွေ့ရစဉ်(ဓာတ်ပုံ-Thura U Shwe Mann Facebook)

ရန်ကုန် ၊ မတ် ၁၀ ရက်(ဆင်ဟွာ)

ဒုတိယ သမ္မတ လောင်းများ အဖြစ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲများ့မှ ရွေးချယ် အမည်စာရင်း တင်သွင်းခံရသူများအား သူရဦးရွှေမန်းက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် အများအကျိုး ဆောင်ရွက်နိုင်ကြပါစေဟု ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြလိုက်သည်။

ပြည်သူ့လွှတ်တော်၏ ရွေးကောက်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့တွင် ဒုတိယ သမ္မတလောင်းများ အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်အားလည်းကောင်း ၊ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဒေါက်တာ စိုင်းမောက်ခမ်း အား လည်းကောင်း ၊ အမျိုးသား လွှတ်တော်၏ ရွေးကောက်ခံ ကိုယ်စားလှယ်များ အစုအဖွဲ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဟန်နရီဗန်ထီးယူ အား လည်းကောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးခင်အောင်မြင့်အား လည်းကောင်း ယနေ့အစည်းအဝေးတွင် အမည် စာရင်း တင်သွင်းခံထားရသည်။

သူရဦးရွှေမန်းသည် ယခင် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင် ပြည်ထောင်စု လွှတ်တော် နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့ပြီး ယခု ဒုတိယ အကြိမ် လွှတ်တော် သက်တမ်း တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်လျှက် ရှိသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117