Politics, Law & Military
ဖားကန့်၌ ကမ်းပါး ပြိုကျ၍ လေးဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဖားကန့်မြို့ သာယာကုန်း ကျေးရွာ 3-A ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ စက်တင်ဘာ ၂၅ ရက်တွင် ကမ်းပါးပြိုကျပြီး လူလေးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ရေမဆေးကျောက်ရှာဖွေနေစဉ် အမြင့်ပေ ၃၀ ခန့်မှ ၁၀ ပေပတ် လည်ခန့်ရှိ ကမ်းပါး ပြိုကျခဲ့ပြီး ရေမဆေးကျောက်ရှာဖွေသူများ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း သေဆုံးမှုနှင့်ပတ်သက်ပြီး လုံးခင်း နယ်မြေရဲစခန်း၌ သေမှုသေခင်း အမှတ်စဉ် (၅၁/ ၂၀၁၈)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)