Politics, Law & Military
ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသော နေရာများတွေ့ရှိဟုဆို
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် ဘူးသီးတောင်-မောင်တောဒေသ မေယုတောင်ကြောပေါ်၌ အကြမ်းဖက်သင်တန်းများ ဆောင်ရွက်နေသည့် နေရာများတွေ့ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက်သင်တန်းများ နေရာတွေ့ရှိထားသော သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန် ၂၀ ရက်က သွားရောက်၍ နယ်မြေရှင်းလင်းစဉ် လိုဏ်ခေါင်းတစ်ခု၊ သေနတ်များ၊ လူနေတဲ/ ဂိုဒေါင် များ၊ စားနပ်ရိက္ခာများနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး ပြန်လည်တိုက်ခိုက်ရန် ကြိုးပမ်း ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံရှင်းလင်းခဲ့ရာ အကြမ်းဖက်သမားသုံးဦး နေရာ တွင်ပင် သေဆုံးခဲ့ကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
မောင်တော ဒေသအတွင်း အကြမ်းဖက်နည်းဖြင့် ခြိမ်းခြောက် ကာ ဩဇာလွှမ်းမိုး ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ ကျေးရွာဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် စာကြည့်တိုက်မှူး အပါအဝင် အပြစ်မဲ့ပြည်သူ ၃၄ ဦးတို့အား နည်းမျိုးစုံဖြင့် သတ်ဖြတ် ခြင်း၊ အပြစ်မဲ့ပြည်သူ ၂၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းများ လည်း ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။(Xinhua)