Politics, Law & Military
မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉,၄၄၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၉,၄၄၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ဖြစ်စဉ် မှာ ၂၀၁၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ ၁၈း၀၀ နာရီ အချိန် မူးယစ်တပ်ဖွဲ့စု(၁)ဗန်းမော်မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ ခေါဘောမ် မောင်းနှင်လာသည့် TOYOTA HIACE မော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်၏ခေါင်းမိုးပေါ်ရှိ အံဝှက် အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၈၅၉ ခွက်(ဘိန်းဖြူ အလေးချိန် ၉ ဒသမ ၄၄၉ ကီလို)၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေ ၄၅၀,၀၀၀ကျပ်တိုကို သိမ်းဆည်းရမိခဲ့သဖြင့် ခေါဘောမ်(၂၇)နှစ်အား မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)