Politics, Law & Military
မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စစ်ဘက်ရေးရာအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေးနွေး
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စစ်ဘက်ရေးရာအခြေအနေများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ယနေ့ တွေ့ဆုံ ဆွေးနွေးကြသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အမေရိကန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်မည့် အခြေအနေများ၊ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာတွင် တပ်မတော်က ပါဝင်ဆောင်ရွက်နေမှု အခြေအနေ၊ တပ်မတော်နှင့် နိုင်ငံတော်အစိုးရ ဆက်ဆံရေးအခြေအနေများကို ဆွေးနွေးကြသည်။ ယင်းတွေ့ဆုံမှု၌ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် နှစ်နိုင်ငံ တပ်မတော်များ စစ်ဘက်ဆက်ဆံရေးအခြေအနေနှင့် အာဆီယံနိုင်ငံများနှင့်ဆက်ဆံရေး အခြေအနေများအား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။(Xinhua)