Politics, Law & Military
မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းနှင့် လုပ်ငန်းစဉ်များ နှစ်အလိုက် သတ်မှတ် အကောင် အထည်ဖော်မည်
ရန်ကုန် ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဟာဗျူဟာ စီမံကိန်းနှင့် ဆက်လက် လုပ်ဆောင်မည့် တရားစီရင်ရေး ပြုပြင် ပြောင်းလဲမှုများ နှင့်အညီ လုပ်ငန်းစဉ် များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သြစတြေးလျ ဖက်ဒရယ်တရားရုံး တို့သည် နှစ်အလိုက် သတ်မှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တရားစီရင်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သြစတြေးလျ ဖက်ဒရယ်တရားရုံး တို့သည် ဇွန်လ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ယခု ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံ တရားစီရင်ရေး အတွက် ပိုမိုနားလည်မှုနှင့် အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောသည်။
သြစတြေးလျ ဖက်ဒရယ်တရားရုံးသည် ၁၉၇၇ ခုနှစ်မှ စတင်၍ ကမ္ဘာ အနှံ့ရှိ တရားစီရင်ရေး အဖွဲ့အစည်း များနှင့် ဆက်ဆံရေး တိုးတက်ခဲ့သည့် အပြင် နိုင်ငံ ၅ဝ ကျော်ရှိ တရားရုံး များနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)