Connect with us

Politics, Law & Military

ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လက်တွေ့လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ-Myanmar State Counsellor Office)

ရန်ကုန် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သက်သေပြရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ ဇူလိုင်လ ၁၄ ရက်တွင် နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (ဓာတ်ပုံ-Myanmar State Counsellor Office)
နိုင်ငံတော် အစိုးရအနေဖြင့် တာဝန်ရှိ၍ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သူများ၏ ယုံကြည်မှု၊ ဒေသခံ ပြည်သူများ၏ ယုံကြည်မှု၊ နိုင်ငံသူ နိုင်ငံသားများ၏ ယုံကြည်မှုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ယုံကြည်မှု ရရှိရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
ထိုအတူ တစ်ချိန်တည်း တစ်ပြိုင်တည်း အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ဝန်ကြီးဌာနများ နှင့် ပြည်နယ်အစိုးရ ချိတ်ဆက် ဆောင်ရွက်ရာတွင် နားလည်မှုရှိရှိ ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်း ၊ ယခုအစည်းအဝေးဆုံး ဖြတ်ချက်များသည် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည် ဖော်ရာတွင် တိုးတက်မှုများစွာ ရရှိမည်ဖြစ်သည့် အတွက် အားလုံးက တက်ညီလက်ညီဖြင့် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။
ထိုအစည်းအဝေးတွင် ရခိုင် ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရေး လုပ်ငန်းကဏ္ဍ အလိုက် ဆောင်ရွက်နေမှု အခြေ အနေများ စသည်တို့ကို ဆွေးနွေးညှိနှိုင်းကြပြီး ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သဘောတူ ဆုံးဖြတ်ကြခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.