Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်အတွင်း အဆောက်အဦများ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

ရခိုင်ဒေသတွင် သဘာဝ ဘေးအန္တရာယ်များနှင့် နှစ်စဉ် ရင်ဆိုင်နေရပြီး အဆောက်အဦများ မပျက်စီးအောင် တက်နိုင်သလောက် ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကျောက်တော် တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ရခိုင်ဒေသတွင် သဘာဝ ဘေးအန္တရာယ်များနှင့် နှစ်စဉ် ရင်ဆိုင်ကြရပြီး ယင်းသို့ ရင်ဆိုင်တွေ့ကြုံရချိန်တိုင်းတွင် အဆောက်အဦ၊ လမ်းတံတားများစွာ ပျက်စီးဆုံးရှုံးရကြောင်း၊ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများအတွက် ငွေကြေး သုံးစွဲကုန်ကျမှုများစွာ ရှိကြောင်း၊ စနစ်တကျ နေရာရွေးချယ် ဆောက်လုပ်ရန် လိုအပ်ပြီး ၎င်းအပြင် ဆောက်လုပ်ရာတွင်လည်း စနစ်တကျ မရှိခြင်း၊ အမြန်ပြီးစီးရေး ဦးစားပေး လုပ်ဆောင်ခြင်းတို့ကြောင့် သဘာဝဘေးဒဏ်နှင့် ကြုံတွေ့ရခြင်း၊ ထိန်းသိမ်းမှု အားနည်းခြင်းများကြောင့် အချိန်မတိုင်မီ ပျက်စီးမှုများစွာ တွေ့ရှိရသဖြင့် မိမိတို့တတ်နိုင်သလောက် အဆောက်အဦများ မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ကြရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်၏ ပကတိ အခြေအနေကို သိရှိပြီး အဓိကအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုနှင့် ပြည်တွင်းပြည်ပ အန္တရာယ်များ ကာကွယ်ကြရမည် ဖြစ်ကြောင်း၊ ပြည်တွင်းအန္တရာယ်များကို ကာကွယ်ရာတွင် တပ်မတော်ကို အမာခံထား၍ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ တပ်မတော်အပေါ်ခင်တွယ်စိတ်၊ သံယောဇဉ်စိတ်များ ရှိနေစေရန် ကိုယ်ကိုယ်တိုင် လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ တာဝန်ရှိသူ အဆင့်ဆင့် ကလည်း ဝိုင်းဝန်း လုပ်ဆောင် ကြရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။

နိုင်ငံတော်နှင့် တပ်မတော် အနေဖြင့်လည်း စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုကိစ္စ အဝဝကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ယင်းလုပ်ငန်းရပ်များကို လက်အောက် အဆင့်ဆင့်မှ မှန်မှန်ကန်ကန် ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.