Politics, Law & Military
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ ၈ ရက်တာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက်မည်
ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက်(ဆင်ဟွာ)
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်သည် နိုဝင်ဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ သို့ရောက်ရှိမည် ဖြစ်ပြီး ၈ ရက်တာ ခရီးစဉ် အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်မှ သိရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် အခြား မြို့နယ်များသို့ သွားရောက်မည့် ခရီးစဉ် အတွင်း လူငယ် ခေါင်းဆောင်များ ၊ အမျိုးသမီး အဖွဲ့များ ၊ ဒေသခံများ ၊ ဒုက္ခသည်များ နှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အဆင့်မြင့်အစိုးရအရာရှိပုဂ္ဂိုလ်များအား နေပြည်တော်နှင့် ရန်ကုန်မြို့များ၌ တွေ့ဆုံကြဦးမည် ဖြစ်ကြောင်း သိရသည်။
ထိုဆွေးနွေးပွဲများမှ ထွက်ပေါ် ရရှိလာမည့် အချက်အလက် များသည် ကော်မရှင်မှ နိုင်ငံတော်အစိုးရထံသို့ ရခိုင်ပြည်နယ် နှင့် သက်ဆိုင်သည့် အကြံပြုချက်များ ပေးရာတွင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ကော်မရှင်ထံမှ သိရသည်။
ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန် ဆောင်ရွက်ကာ ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ဖွဲ့စည်းထားသည်။(Xinhua)