Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများ ဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ်(MOFA)

ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးမှုများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithakတို့ တွေ့ဆုံဆွေးနွေးကြောင်း သိရသည်။

ထိုကဲ့သို့ တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာ ကိစ္စ၊ အလုပ်သမားရေးရာကိစ္စ၊ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးနှင့် ပြည်သူအချင်းချင်း အကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံအကြား လမ်းပန်းဆက်သွယ်မှုကောင်းမွန်လာ စေရေး ဆောင်ရွက်နေမှုများနှင့် ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စ ၊ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ် အတွင်း ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးလျက်ရှိမှု အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.