Connect with us

Politics, Law & Military

၂၀၁၈-၁၉ ပထမ ခြောက်လ ပို့ကုန် ဒေါ်လာ ၈ ဒသမ ၃ ဘီလျံကျော်ဖိုး တင်ပို့နိုင်ခဲ့

ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ် အစည်းအဝေး ခန်းမသို့  ကြွရောက်လာစဉ်။

နေပြည်တော်၊ မေ ၂၃ ရက်(ဆင်ဟွာ)

၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမခြောက်လ (အောက်တိုဘာလ မှ မတ်လ)အတွင်း ပို့ကုန် ပမာဏ အမေရိကန် ဒေါ်လာ ရှစ်ဘီလျံကျော် (ဒေါ်လာ ၈၃၀၆ ဒသမ ၂ သန်း)ဖိုး တင်ပို့နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“စက်မှု ကုန်ချော ပစ္စည်း ဒေါ်လာ ၂၈၇၄ဒသမ ၉သန်းဖိုး၊ လယ်ယာထွက်ကုန် ပစ္စည်း ဒေါ်လာ ၁၇၀၈ ဒသမ ၈ သန်းဖိူး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဒေါ်လာ ၁၇၆၅ ဒသမ ၂ သန်းဖိုး၊ သတ္တုနှင့် တွင်းထွက် ပစ္စည်း ဒေါ်လာ ၅၄၈ဒသမ ၉ သန်းဖိုး၊ ရေထွက်ပစ္စည်း ဒေါ်လာ ၄၃၂ ဒသမ ၈ သန်း၊ တိရစ္ဆာန်ထွက် ပစ္စည်း ဒေါ်လာ ၂၇၅ ဒသမ ၄ သန်း၊ သစ်တောထွက်ပစ္စည်း ဒေါ်လာ ၉၀ ဒသမ ၈ သန်းနဲ့ အခြား ပစ္စည်း ဒေါ်လာ ၆၀၉ ဒသမ ၄ သန်း၊ စုစုပေါင်း ဒေါ်လာ၈၃၀၆ ဒသမ ၂ သန်း ဖိုး တင်ပို့ နိုင်ခဲ့ပါတယ်” ဟု ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လ အမျိုးသား စီမံကိန်း အစီရင်ခံစာအား လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း ရှင်းလင်း တင်ပြစဉ်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံး ကုန်သွယ်ဖက် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ ဖြစ်ကြောင်း၊ သွင်းကုန် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၉၆၅ ဒသမ ၇ သန်းဖိုးရှိခဲ့ရာ ယမန်နှစ် ကာလတူအတွင်း သွင်းကုန်ပမာဏထက် ဒေါ်လာ ၃၅၆ သန်း လျော့၍ တင်သွင်းခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

အဆိုပါ ခြောက်လအတွင်း အထူးစီးပွားရေးဇုန် အပါအဝင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက် ပြီး အမေရိကန်ဒေါ်လာ၁၉၈၈ ဒသမ ၇ သန်း ရှိခဲ့ကြောင်း၊ ယမန်နှစ် ကာလတူ ခြောက်လ၌ အမေ ရိကန်ဒေါ်လာ ၁၇၆၁ ဒသမ ၄ သန်းရှိခဲ့သဖြင့် ယမန်နှစ်ထက် ပိုခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.