Connect with us

Politics, Law & Military

ပြည်ထောင်စု ရာထူးဝန်အဖွဲ့နှင့် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်း ရှင်းလင်း

သတင်းစာ ရှင်းလင်းပွဲ ကျင်းပနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၃ ရက်(ဆင်ဟွာ)

အစိုးရ၏ တတိယ တစ်နှစ်တာ ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲကို နေပြည်တော် ပြန်ကြား ရေး ဝန်ကြီးဌာန၌ ယနေ့ ညနေ ဆက်လက် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စု ရှေ့နေချုပ် ရုံး တို့က ပူးပေါင်း ကျင်းပခဲ့ကြသည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ရှင်းလင်း ပြောကြားရာတွင် နိုင်ငံ့ ဝန်ထမ်း အရာထမ်းများ စုဆောင်း ရွေးချယ်ရေး လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး “တတိယ တစ်နှစ်တာအတွင်း အလုပ် ကြော်ငြာ လေးစောင် ထုတ်ပြန်ခဲ့ရာမှာ ဝန်ကြီးဌာန/ အဖွဲ့အစည်း ၂၀ ခုမှ လစ်လပ်ရာထူး ၆၄၂ နေရာအတွက် လျှောက်ထားသူ ၈၆၀၃ ဦး၊ ပဏာမအဆင့် အောင်မြင်သူ ၂၁၈၃ ဦး၊ ဒုတိယ အဆင့် ရေးဖြေ ဖြေဆိုသူ ၂၀၂၅ ဦး၊ ရေးဖြေ အောင်မြင်သူ ၆၁၁ ဦး၊ စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းခံရသူ ၅၉၃ ဦး ရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။

တတိယတစ်နှစ်တာအတွင်း အရာထမ်းများ ဌာနပြောင်းရွှေ့မှုများအတွက် ဝန်ကြီးဌာန / အဖွဲ့အစည်း တစ်ခုမှတစ်ခုသို ့ ပြောင်းရွှေ့ခြင်း၊ အမှုထမ်းများအား ပြန်တမ်းဝင်အရာရှိရာထူးသို့ တိုးမြှင့် ခန့်ထားခြင်း လုပ်သက်လျော့ အထူးကိစ္စဖြင့် ရာထူးတိုးမြှင့်ပေးခြင်း၊ ပညာ အရည်အချင်းကို လျှော့၍ ရာထူး တိုးမြှင့်ပေးခြင်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအရ ရာထူးမှ ထုတ်ပယ်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံခြားရေး ဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းသူက “တတိယ တစ်နှစ်တာ အတွင်း သိသာတဲ့ တိုးတက်မှုအနေနဲ့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား မဟာဗျူဟာမြောက် ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက် နိုင်ခဲ့ပါတယ်၊ ဗီယက်နမ်နိုင်ငံနဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး (Comprehensive Cooperative Partnership) အဆင့် မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ထိုင်းနိုင်ငံနဲ့ သဘာ၀ မဟာဗျူဟာ မိတ်ဖက်နိုင်ငံ (Natural Strategic Partnership) ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ဒါ့အပြင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် စီးပွားရေး ကန့်သတ် ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ခဲ့ပြီး အမေရိကန်၊ UK အပါအဝင် ဥရောပ သမဂ္ဂနိုင်ငံများ၊ ဆွစ်ဇာလန်၊ နော်ေ၀ စတဲ့ နိုင်ငံများနဲ့ ဖွံ့ဖြိုးမှု အကူအညီ (Development Cooperation ) မှာ ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်” ဟုပြောခဲ့သည်။

ပြည်ဝင်ဗီဇာ ဖြေလျှော့မှုများနှင့် ပတ်သက်ပြီး ဂျပန်၊ တောင်ကိုရီးယား၊ အပါအဝင် နိုင်ငံများမှ နိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပြီး ဖြစ်ကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ခရီးသည် များကို ဆိုက်ရောက် ဗီဇာ ခွင့်ပြု ဆောင်ရွက်ပေးခဲ့ပြီး ဗီဇာ စည်းကမ်း ဖြေလျှော့မှုများကြောင့် ခရီးသည် ဦးရေ ပိုများပြားလာကြောင်း၊ မြန်မာ သံရုံးများအား နိုင်ငံ့ စီးပွားရေး လူမှုရေး မြှင့်တင်စေဖို့ ပိုမို အားထုတ် ဆောင်ရွက်စေခဲ့ပြီး အောင်မြင်မှုရလဒ် အဖြစ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ သည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒေသခွဲနှင့် ဒေသတွင်း အဖွဲ့အစည်းများတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ အထူးသဖြင့် အာဆီယံတွင် မြန်မာနိုင်ငံ၏ အခန်း ကဏ္ဍကို မြှင့်တင် ဆောင်ရွက်နိုင်ခဲ့ပြီး ဒေသတွင်း အကျိုးစီးပွား ဖော်ဆောင်ရေး၌ တက်ကြွစွာ ပါဝင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သံတမန် ဆက်ဆံမှုများကိုလည်း တိုးမြှင့် ဆောင်ရွက်ခဲ့ရာ အစိုးရ သုံးနှစ် တာ ကာလအတွင်း မိတ်ဖက် အသစ် နိုင်ငံ ခုနစ်နိုင်ငံနှင့် သံတမန် ဆက်သွယ်မှု တိုးတက် ဆောင်ရွက် နိုင်ခဲ့သဖြင့် ကမ္ဘာ့နိုင်ငံ ၁၂၁ နိုင်ငံနှင့် သံတမန် အဆက်အသွယ် ထူထောင်ပြီးဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်း ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

နိုင်ငံခြားရေး ဝန်ကြီးဌာန/ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမင်းသူ ရှင်းလင်း ပြောကြားစဉ်။(ဆင်ဟွာ)

ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ် ရှင်းလင်း တင်ပြနေစဉ်။(ဆင်ဟွာ)

ထို့အပြင် အမြဲတမ်း အတွင်းဝန်က “အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေး အကောင်းဆုံး ရှိနေတဲ့ အခုလို အချိန်မှာ နယ်နိမိတ် တိုင်းတာ သတ်မှတ်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဖြေရှင်း ဆောင်ရွက် လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်တွင်း အခြေအနေ လိုအပ်ချက်များနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ဖို့ အလေးထားကြောင်း၊ နိုင်ငံတကာက ဝင်ရောက်စီရင်နိုင်ဖို့ ဦးတည်ကြိုးပမ်းမှုများကို လုံး၀ လက်မခံကြောင်း နိုင်ငံတကာ မျက်နှာစာမှာ ပြတ်ပြတ်သားသား ရပ်တည် ပြောကြားထား ကြောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ အသိုက်အဝန်းအားလုံး သဟဇာတဖြစ်စွာ နေထိုင်နိုင်ဖို့ ရေရှည် တည်တံ့မည့် အဖြေ ရရှိနိုင်ဖို့အတွက် စနစ်တကျ ကြိုးပမ်း ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်နုနုယဉ်က “တတိယ တစ်နှစ်တာ ကာလ အတွင်းမှာ ဝန်ာကီးဌာနများက ပေးပို့တဲ့ ဥပဒေကြမ်း ၁၈၁ ခု၊ နည်းဥပဒေ၊ စည်းကမ်း၊ စည်းမျဉ်း၊ အမိန့်၊ ကြေညာစာ၊ ညွှန်ကြားချက် နဲ့ လုပ်ထုံး လုပ်နည်း မူကြမ်း ၂၅၇ ခု၊ တို့ကို စိစစ် အကြံပြု ဆောင်ရွက်ခဲ့ပါတယ်၊ လွှတ်တော်က ပြဌာန်းခဲ့တဲ့ ဥပဒေများအနက် ၃၈ ခုတို့ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်း၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နဲ့ ညွှန်ကြားချက် ငါးခုတို့ရဲ့ ဥပဒေ ဝေါဟာရ အသုံးအနှုန်းများ စိစစ်ခြင်း၊ ဌာနဆိုင်ရာ ဝေါဟာရ အသုံးအနှုန်း ခုနစ်ခုကို ပြန်လည် စိစစ်ခြင်း၊ စာချုပ်စာတမ်း ခြောက်ခု၏ ဘာသာပြန်ဆိုချက်ပါ ဝေါဟာရများအား စိစစ်ခြင်းနဲ့ အခြား ဘာသာ ပြန်ဆိုခြင်း ၅၈ ခုတို့ ဆောင်ရွက်ခဲ့ပြီး ဘာသာပြန်ဆိုမှု စုစုပေါင်း ၁၁၄ ခု ဆောင်ရွက်ခဲ့ပါ တယ်” ဟုပြောကြားခဲ့သည်။

တရားမစွဲမီ ဥပဒေအကြံပေးခြင်းနှင့် ပတ်သက်ပြီး တတိယ တစ်နှစ်တာကာလတွင် ရာဇဝတ်မှုပေါင်း ၁၀၉ မှု ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှေ့နေချုပ်ရုံးအနေဖြင့် လိုအပ်သော ဝန်ထမ်း အင်အားကို နှစ်စဉ် ဖြည့်ဆည်း ခန့်ထားခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း၊ လုပ်ငန်းခွင် သာယာ ရေး ကို အလေးထား ဖန်တီးပေးခြင်း တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ကြောင်း၊ ပြည်သူများ အတွက် ဥပဒေပညာ ဗဟုသုတများ ဖြန့်ဖြူးပေးခြင်း၊ ဥပဒေ အထောက်ကူပြု လုပ်ငန်းများ၊ တရား ဥပဒေ စိုးမိုးရေး လုပ်ငန်းများနှင့် တရားမျှတမှု ကဏ္ဍ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းများတွင် တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့ကြောင်းလည်း ရှင်းလင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.