Politics, Law & Military
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ဟု ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် သေဆုံးခဲ့ကြသူများ၊ ဒဏ်ရာရရှိခဲ့ကြသူများ၏ မိသားစုများအား ကော်မရှင်မှ အထူးပင် ဝမ်းနည်းစာနာမိကြောင်း ဖော်ပြထားသည်။ ရခိုင်ပြည်သူလူထု အေးချမ်းသာယာမှုရှိရေး၊ လုံခြုံမှုရှိရေး၊ ရသင့်ရထိုက်သည့် အခြေခံအခွင့်အရေးများ ရရှိရေးနှင့် ရခိုင်ဒေသအတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် ကော်မရှင်အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို သတ်မှတ်ပေးထားသည့် လုပ်ပိုင်ခွင့်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထုတ်ပြန်ထားသည်။ (Xinhua)