Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်ရေး NCA စာချုပ် ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့အခမ်းအနားတွင် ခေါင်းဆောင်များ အလေးပေး ပြောကြား

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနား တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်လာနိုင်ရေးအား အစိုးရ ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့၏ ခေါင်းဆောင်များက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အဖြစ် ယနေ့အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သည့် အခမ်းအနားတွင် အလေးပေး ပြောကြားခဲ့သည်။

နိုင်ငံအတွက် အားလုံး ပါဝင်မှုသည် အင်မတန်မှ အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က အခမ်းအနား၌ အဖွင့်အမှာ စကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ငြိမ်းချမ်းရေး ရရှိရန် ၊ အပစ်အခတ် ရပ်စဲရေး ရရှိရန် အတွင်းမီးများ ဖြစ်သည့် ဒေါသ ၊ အာဃာတများ ငြိမ်းရန် အရေးကြီးကြောင်း ၊ သက်ဆိုင်ရာ ပုဂ္ဂိုလ် ၊ အဖွဲ့အစည်း အသီးသီးက ဒေါသ ၊ အာဃာတများ ငြိမ်းအောင် လုပ်နိုင်မှ စစ်မှန်သည့် ငြိမ်းချမ်းရေး လုပ်နိုင်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေသည့် မိမိတို့နိုင်ငံသည် ပြည်သူပြည်သားများ၏ ထင်မြင် သုံးသပ်ချက် များကို အလေးထားပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၊ ပြည်သူများသည် မှန်မှန်ကန်ကန်ဖြင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဝန်းရံ ပေးမည်ဟု ယုံကြည်ကြောင်း ၊ နိုင်ငံကို အကောင်းဆုံး နောင်လာနောက်သားများ အတွက် အမွေအနှစ် အဖြစ် ငြိမ်းချမ်းရေး ရရှိရန် အတွင်းမီးများကို ငြှိမ်းပြီး ဝိုင်းဝန်း ဆောင်ရွက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနား တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနား တွင် ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က NCA လက်မှတ် ရေးထိုးရန် ကျန်ရှိ နေသေးသည့် အဖွဲ့ အားလုံး ပါဝင်နိုင်ရေးကို အားလုံး ဆက်လက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ၊ ၎င်းတို့အတွက် တံခါးဖွင့်ပြီး ကမ်းလှမ်း ကြိုဆိုနေကြောင်း ပြောကြားခဲ့သည်။ထို့အတူ ပြည်သူများ လိုလား တောင့်တသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာအောင်မြင်ရန် နိုင်ငံ၏ အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး ပကတိ လိုအပ်ချက်မှာ တည်ငြိမ် အေးချမ်းရေး ဖြစ်ကြောင်း ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ဖြစ်နိုင်ခြင်း ၊ ဖြစ်သင့်ခြင်း များကို ဦးစားပေးဆောင်ရွက်မှ ရည်မှန်းထားသည့် တည်တံ့ခိုင်မြဲသော ထာဝရငြိမ်းချမ်းရေးကို အချိန် အတိုင်းအတာတစ်ခုအတွင်း ရရှိမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားခဲ့သည်။NCA လက်မှတ် ရေးထိုးခြင်း မရှိသေးသည့် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင် လက်မှတ် ရေးထိုးနိုင်ရန် လမ်းဖွင့်ပေးရာတွင် နိုင်ငံတော် အစိုးရ နှင့် တပ်မတော်ဘက်မှ သဘောထား ကြီးပြီး မူဝါဒဆိုင်ရာတွင် ဖြေလျှော့မှု အချို့ပြုလုပ်ခြင်း ၊ အင်အားသုံး တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားခြင်း တို့ကို ပြုလုပ်ပေးရန် NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကရင် အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က တောင်းဆိုခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် NCA စာချုပ်၏ အနှစ်ချုပ်အား ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းတို့ပူးတွဲမိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ် ရေးထိုးထားခဲ့ကြသည့် နိုင်ငံတော် အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား စာချုပ်၏ အနှစ်သာရကို အပြန်အလှန် လိုက်နာပြီး အသိအမှတ် ပြုမှု ၊ ပူးတွဲ အကောင်အထည် ဖော်မှု ဖြစ်စဉ် အရ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများတွင် ပြည်သူလူထု တောင့်တနေသော ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင်ရန် နှစ်ဖက်ကြားတွင် အပေးအယူ အလျှော့အတင်း ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က ထည့်သွင်း ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားတွင် NCA စာချုပ်၏ အနှစ်ချုပ်အား ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ၊ ကရင် အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်း တို့က ပူးတွဲ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့သည်။တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ချုပ်ဆိုခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားသို့နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် တပ်မတော် အရာရှိကြီးများ ၊ လွှတ်တော် နာယက နှင့် လွှတ်တော် ကိုယ်စားလှယ်များ ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ နိုင်ငံတကာ အဖွဲ့အစည်းများ ၊ လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် အသိသက်သေများ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၈)ဖွဲ့တို့မှ လက်မှတ်ရေးထိုးခဲ့ပြီး ယခု ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်သည် စာချုပ် လက်မှတ် ရေးထိုးသည့် တစ်နှစ်ပြည့်မြောက်သော နှစ်ပတ်လည်နေ့ဖြစ်သည်။(Xinhua)