Connect with us

Politics, Law & Military

လှေစီးဒုက္ခသည် များအား ဇွန်လ ၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ခေါ်ယူမည် ဟုဆို


ရန်ကုန်၊ ဇွန် ၃ ရက် (ဆင်ဟွာ)

လှေစီးဒုက္ခသည် များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ခေါ်ယူမှု လုပ်ငန်းစဉ် များကို ဇွန်လ ၇ ရက်နေ့တွင် စတင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

ယနေ့နံနက်ပိုင်း၌ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး နှင့် နေပြည်တော်၌ တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးမှ ပြောကြားခဲ့ခြင်း ဖြစ်သည်။ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ တာဝန်ရှိသူများနှင့် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများ ပူးပေါင်းလျက် ဇွန်လ ၄ ရက်နေ့တွင် နောက်ထပ် ယာယီ စောင့်ရှောက်ထားသည့် လှေစီးဒုက္ခသည် များကို ကောင်စစ်တွေ့ဆုံမှုများ စတင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန် ချက်ထဲတွင်ပါရှိသည်။

မြန်မာ့ တပ်မတော် (ရေ)နှင့် တပ်မတော် (လေ) တို့မှ မိမိတို့ ပိုင်နက် ရေပြင်အတွင်း ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ ယင်းသို့ ပုံမှန်ကင်းလှည့်စဉ်၊ ပင်လယ်ပြင်တွင် ဒုက္ခရောက်နေသည့် လှေစီးဒုက္ခသည် (၂၀၈) ဦးကို မေလ ၂၁ ရက် နေ့၌ တွေ့ရှိခဲ့၍ လူသားချင်း စာနာ ထောက်ထားသည့် အနေဖြင့် ကယ်တင်ခဲ့ကြောင်း၊ အဆိုပါ လှေစီးဒုက္ခသည် များကို ရခိုင်ပြည်နယ်၊ တောင်ပြို (လက်ဝဲ)မြို့တွင် ယာယီ စောင့်ရှောက် ပေးထားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ် အနီးတွင် ဖမ်းဆီးရမိသည့် စက်လှေပေါ်မှ ဘင်္ဂလီလူမျိုး ဒုက္ခသည်များ (ဓာတ်ပုံ- ပြန်ကြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်)

အဆိုပါ လှေစီးဒုက္ခသည် (၂၀၈)ဦးအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည် ပို့ဆောင်ရေးအတွက် မြန်မာနိုင်ငံဘက်မှ လိုအပ်သော စိစစ်မှုများ ကို ပြုလုပ်ပြီး တွေ့ ရှိချက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ အကြောင်းကြား အသိပေးပြီး ဘင်္ဂလားဒေ့ရှ်ဘက် မှလည်း စိစစ်မှုများ ပြုလုပ်နိုင် ရန် ကောင်စစ်ဆိုင်ရာ တွေ့ဆုံမှုများကို စီစဉ်ပေးခဲ့ရာ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ် ဝန်နှင့် အဖွဲ့က မြန်မာ ဘက်မှ စိစစ်တွေ့ရှိချက်များအပေါ် အခြေခံလျက် လိုအပ်သော စိစစ်မှုများ ထပ်မံပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

မေလ ၂၉ ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်(ရေ) မှ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် အရှေ့တောင် ဘက် မြန်မာနိုင်ငံ ပိုင်နက် ရေပြင်အတွင်း သံသယ ဖြစ်ဖွယ် ငါးဖမ်းလှေတစ်စီး မှ လှေစီးဒုက္ခသည် ၇၀၀ အားတွေ့ရှိခဲ့၍ အဆိုပါ လှေစီးဒုက္ခသည် များကိုလည်း မူလ လာရောက် သည့် နေရာသို့ ချောမွေ့မြန်ဆန်စွာ ပို့ဆောင်သည့် လုပ်ငန်း များ ဆောင်ရွက်နိုင်ရန် အမျိုးသမီး နှင့် ကလေးများအား တောင်ပြို(လက်ဝဲ)မြို့ အနီး ယာယီနေရာ၌လည်းကောင်း၊ ကျန်လူများ အား တောင်ပြို (လက်ဝဲ) မြောက်ဘက် ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင်(၃၇)အနီး၌ ယာယီ အမိုးအကာပေး၍ လည်းကောင်း စောင့်ရှောက်ထားကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.