Connect with us

Politics, Law & Military

အကောက်ခွန်မဲ့ ပစ္စည်း ၆ရက်အတွင်း တန်ဖိုး ကျပ် ၅၂၅ သန်းကျော် ဖမ်းဆီးရမိ

သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ ပစ္စည်းတချို့အားတွေ့ရစဉ် (ဓာတ်ပုံ- ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်မဲ့ ပစ္စည်းများဖမ်းဆီးရာ ဇူလိုင် ပထမပတ်အတွင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၂၅ ဒသမ ၂၉၃ သန်းခန့် ဖမ်းဆီးရမိကြောင်း အကောက် ခွန် ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂ဝ၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှ ၆ ရက်အတွင်း ရန်ကုန်ဆိပ်ကမ်းမှ တားဆီးမှုသုံးမှု၊ မန္တလေး တိုင်းဒေသကြီး အကောက်ခွန် ဦးစီးဌာနမှူးရုံးမှ တားဆီးမှုတစ်မှု၊ ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းမှ တားဆီးမှု ခြောက်မှု၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းမှ တားဆီးမှု ၂၃ မှု ၊ မူဆယ် (OSS) စစ်ဆေးရေးစခန်းမှ တားဆီး မှု ၁ဝ မှုနှင့် မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ တားဆီးမှုနှစ်မှု စုစုပေါင်း ပစ္စည်းခန့်မှန်းတန်ဖိုး ငွေ ကျပ် ၅၂၅ ဒသမ ၂၉၃ သန်းခန့် ဖမ်းဆီးရမိကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေဆိပ်ကုန်လှောင်ရုံ၊ ဆိပ်ကမ်းများ၊ အထူးကင်း၊ ရေပူအမြဲတမ်း စစ်ဆေး ရေးစခန်း၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးေ ရးစခန်းနှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့၌ တင်သွင်း၊ တင်ပို့ ခွင့်စာရွက်စာတမ်းအထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိဘဲ တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်းများကို စစ်ဆေးရှာဖွေ အရေးယူခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.