Connect with us

Politics, Law & Military

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု ၏ အဓိက စိန်ခေါ်မှုသည် အဂတိလိုက်စားမှု ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပြော

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်သည့် အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ

နေပြည်တော်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှု (CSR:_ Civil Service Reform) အတွက် အဓိက အကျဆုံး စိန်ခေါ်မှုသည် အဂတိလိုက်စားမှုပင် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်သည့် နိုင်ငံံ့ ဝန်ထမ်း ပြုပြင် ပြောင်းလဲရေးဆိုင်ရာ မဟာဗျူဟာ ကြေညာချက် ထုတ်ပြန်သည့် အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ပြောခဲ့သည်။

“CSR မဟာဗျူဟာ စီမံချက်ဟာ ကျွန်မတို့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုဖို့ မရွံ့ ပါဘူး၊ ဒီစိန်ခေါ်မှုတွေအနက် အဓိက အကျဆုံးကတော့ အဂတိလိုက်စားမှုပဲ ဖြစ်ပါတယ်၊ အဂတိ လိုက်စားမှုဟာ တိုင်းတာဖို့ ခက်သလို သတိပြုမိဖို့လည်း ခက်ပါတယ်” ဟု သူမက ပြောခဲ့သည်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်သည့် အခမ်းအနားတွင် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဝင်းသိမ်း မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

အဂတိခိုက်စားမှုသည် ပြည်သူနှင့် အစိုးရ ဝန်ထမ်းများအကြား အယုံအကြည်ရှိမှု၊ ကောင်းမွန်သည့် အုပ်ချုပ်မှုနှင့် ပြည်သူ့ ဝန်ထမ်း ယန္တရားကြီး တစ်ခုလုံး၏ ဂုဏ်ရှိမှုတို့ကို တိုက်စား ဖျက်ဆီးကြောင်း၊ အဂတိလိုက်စားခြင်းသည် လူအနည်းငယ်၏ အကျိုးကို အများအကျိုး အထက်တွင် ထားရှိခြင်း ဖြစ်သောကြောင့် ဒီမိုကရေစီ၏ ဗဟိုမူ ဖြစ်သည့် ပြည်သူကို ကိုယ်စားပြုသည့် အုပ်ချုပ်ရေးကို ထိပါးစေပါကြောင်း၊ နိုင်ငံ့ ဝန်ထမ်း ပြုပြင် ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက်တွင် ပြည်သူ့ဝန်ထမ်း ကျင့်ဝတ် တောင့်တင်း ခိုင်မာရေး နှင့် အဂတိ တိုက်ဖျက်ရေးအတွက် လေ့ကျင့် သင်ကြားမှုများ ပေးရန်၊ တိုင်ကြားရေးနှင့် ဖော်ထုတ်ရေးဆိုင်ရာ ယန္တရား ထိရောက်မှု ရှိရန်၊ အဆင့်မြင့် ရာထူးရာခံ ရှိသူများ၏ ပိုင်ဆိုင်မှုများကို ထုတ်ဖော်ကြေညာရန်၊ အုပ်ချုပ်မှု ဆိုင်ရာ လုပ်ငန်းစဉ်များကို နည်းပညာအသစ်များဖြင့် ပံ့ပိုး ဆောင်ရွက်ခြင်းအားဖြင့် အဂတိ လိုက်စားနိုင်မှု အခွင့်အလမ်း နည်းပါးအောင် ဆောင်ရွက်ရန် စသည့် အစီအစဉ်များလည်း ထည့်သွင်း ဆောင်ရွက်ထားပါကြောင်း သူမက ဖြည့်စွက်ပြောခဲ့သည်။

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်သည့် အခမ်းအနားတွင် UNDP Country Director Mr. Peter Batchelor မိန့်ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ စီမံချက် ထုတ်ပြန်သည့် အခမ်းအနားတက်ရောက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် “အဂတိလိုက်စားမှုကို တိုက်ဖျက်ခြင်းဟာ CSR မဟာဗျူဟာ စီမံချက်တစ်ခုလုံးရဲ့ ရည်မှန်းချက် အောင်မြင်ရေးကို အထောက်အကူ ဖြစ်စေမှာ ဖြစ်တဲ့အပြင် ပြည်သူ့ ဝန်ထမ်း အဖွဲ့ အစည်းတွေနဲ့ မိမိတို့ဝန်ဆောင်မှု ပေးနေတဲ့ လူ့ဘောင် အဖွဲ့အစည်းကြားမှာ ယုံကြည်မှုကို လည်း တိုးတက် ဖြစ်ထွန်းစေပါတယ်၊ ယုံကြည်မှု တည်ဆောက်ရာမှာ သိက္ခာရှိရှိနေတတ်ဖို့၊ ဘက်လိုက်မှု ကင်းရှင်းဖို့ ၊ မိမိအလုပ်နဲ့ ပတ်သက်ပြီး တာဝန်ယူမှု ရှိဖို့ လိုအပ်ပါတယ်၊ တစ်ချိန်တည်းမှာပဲ အများ ပြည်သူဘက်ကလည်း ပြည်သူ့ ဝန်ထမ်းတွေအပေါ် လေးစားမှုနဲ့ ယဉ်ကျးပျူငှါစွာ ဆက်ဆံဖို့ လိုပါတယ်၊ ဒီလိုမျိုး အပြန်အလှန် ယုံကြည်မှုကို အချိန်ယူ တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက လမ်းညွှန် ပြောကြားခဲ့သည်။

အခမ်းအနားတွင် ကမ္ဘာ့ နိုင်ငံများမှ ပညာရှင်များ သက်ဆိုင်သူများနှင့် ညှိနှိုင်း တိုင်ပင်ပြီး လပေါင်း များစွာ အချိန်ယူ ရေးဆွဲခဲ့ရသည့် အဆိုပါ CSR မဟာဗျူဟာစီမံချက်၏ လုပ်ငန်းစဉ်များအား ပြည် ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဌ ဒေါက်တာ ဝင်းသိမ်းက ရှင်းလင်း တင်ပြခဲ့သည်။ ထို့အတူ အခမ်းအနား သို့ တက်ရောက်လာသည့် UNDP Country Director Mr. Peter Batchelor ကလည်း မြန်မာနိုင်ငံ၏ ပြောင်းလာလာသော အခြေအနေနှင့် CSR စီမံချက်၏ အကျိုးသက်ရောက်မှုများကို ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ CSR မဟာဗျူဟာ ထုတ်ပြန်မှုနှင့် ဆက်စပ်သည့် ဆွေးနွေး ပွဲများကို ဇူလိုင်လ ၁၂ ရက်နေ့အထိ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.