Connect with us

Politics, Law & Military

အမျိုးသားနေ့၏ ဦးတည်ချက်များအား အမျိုးသား စည်းလုံး ညီညွှတ်မှု အင်အားဖြင့် ကြိုးစား ဆောင်ရွှက် သွားရန် နိုင်ငံတော် သမ္မတ တိုက်တွန်း

နိုင်ငံတော် အထိမ်းအမှတ် တံဆိပ်အား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးက အမျိုးသားနေ့၏ ဦးတည်ချက်များအား အမျိုးသား စည်းလုံး ညီညွှတ်မှု အင်အားဖြင့် ကြိုးစား ဆောင်ရွက် သွားရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၉၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်းခဲ့သည်။

အမျိုးသားနေ့၏ ဦးတည်ချက်များ ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ရေး ၊ တိုင်းရင်းသား အားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး တို့ကို အမျိုးသား စည်းလုံး ညီညွှတ်မှု အင်အားဖြင့် ကြိုးစား ဆောင်ရွက် သွားရန် အလေးအနက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီ စံချိန်စံညွှန်း များနှင့် အညီ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်သစ် တည်ဆောက်နိုင်ရန် ခိုင်မာသည့် ရည်မှန်းချက်နှင့် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

၁၉၂၁ ခုနှစ် အောက်တိုဘာလ မန္တလေးမြို့၌ ကျင်းပခဲ့သည့် နဝမအကြိမ်မြောက် ဂျီစီဘီအေ ညီလာခံကြီးမှ ပထမ ကျောင်းသား သပိတ် စတင်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁ဝ ရက် နေ့ကို အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန် စတင် ဆွေးနွေးခဲ့ပြီး ရန်ကုန်မြို့၌ ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်နေ့ ကျင်းပတဲ့ ဂျီစီဘီအေ အထူးကွန်ဖရင့်မှ ယင်းနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ကြောင်း ဆုံးဖြတ်အတည်ပြုပေးခဲ့ကာ ထိုအချိန်မှစပြီး အမျိုးသားရေး စိတ်ဓာတ်ကို ဖော်ကျူးပြသသည့် စည်းလုံးညီညွတ်မှု၏ ပြယုဂ်ဖြစ်သည့် အမျိုးသားနေ့ကို ကျင်းပလာကြသည်မှာ ယခုဆိုလျှင် ရာပြည့်အကြို ၉၆ နှစ်တိုင် ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အမျိုးသားနေ့ ဆိုသည်မှာ အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံပြီး အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး နှင့် ပြည်ထောင်စု စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး တို့ကို ဖော်ဆောင်ပေးခဲ့သည့် နေ့ထူး နေ့မြတ် ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.