Connect with us

Politics, Law & Military

အိုလံပစ်ဟိုတယ်၌ တည်းခိုရင်း ဒေါ်လာအတု ပြုလုပ်သော လိုက်ဘေးရီးယား နိုင်ငံသားကို အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ် ကျမှတ်

ဒေါ်လာအတုပြုလုပ်သော လိုက်ဘေးရီးယားနိုင်ငံသားကို ဖမ်းဆီးရမိသော ပစ္စည်းများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-ဒဂုံမြို့နယ်ရဲစခန်း)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ Olympic Hotel အတွင်း လာရောက်တည်းခိုနေသော လိုက်ဘေးရီးယား နိုင်ငံသား Mr. Raymond Sanchoကို ယနေ့ အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်လာအတု ပြုလုပ်မည့် ပစ္စည်း လက်ဝယ်ထားရှိမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ကြောင်း ဒဂုံမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင့်ဆွေက ပြောကြားသည်။

အဆိုပါ ထောင်ဒဏ် အမိန့်ချခံရသော လိုက်ဘေးရီးယား နိုင်ငံသားကို ယခုနှစ် ဇန်နဝါရီလ ၂၅ ရက်က Olympic Hotel ရှိ အခန်းတစ်ခန်းတွင် ဒေါ်လာအတု ပြုလုပ်သည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဒေါ်လာအရွယ်အစား စာရွက်အမည်း မြောက်များစွာနှင့်အတူ ပတ္တမြားအတုများနှင့်ပါ ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

အနောက်ပိုင်းခရိုင် တရားရုံးက ယင်း လိုက်ဘေးရီးယား နိုင်ငံသားကို အတုပြုလုပ်မည့် ပစ္စည်းများ လက်ဝယ်ထား ရှိမှု ပုဒ်မ ၂၄၂ ဖြင့် ထောင်ဒဏ် ချမှတ်လိုက်ပြီး ပတ္တမြား အတု တရားမဝင် သယ်ဆောင်မှု အတွက် ထပ်မံ တရားစွဲဆိုထားကြောင်း ဒုရဲမှူးတင့်ဆွေက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.