Connect with us

Politics, Law & Military

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးရက် ထပ်တိုးမြှင့်

ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ခွန်မြင့်ထွန်းအား တွေ့ရစဉ်(ဆင်ဟွာ)

မိုင်ဂျာယန် ၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မိုင်ဂျာယန်၌ ပြုလုပ်လျက် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် ဘုံသဘောထားများ ချမှတ်နိုင်ရန် အစည်းအဝေးရက်အား ၁ ရက် ထပ်မံ တိုးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ကတော့ ကာကွယ်ရေး နဲ့လုံခြုံရေး ဆိုင်ရာ ကဏ္ဍ စာတမ်းတွေကို ညီလာခံမှာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ဒီနေ့မှာတော့ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဘုံသဘောထားတွေ ချမှတ်ဖို့ရာမှာ ဆွေးနွေးလို့ ပြီးပါပြီ။ဒီအတွက်နဲ့ပတ်သက်ရင် လုံခြုံရေး ကဏ္ဍလိုမျိုး ကျန်ရှိတဲ့ အပိုင်းတွေကို အလုပ် အဖွဲ့ဖွဲ့ပြီးတော့ ဒါကို ပြုစုထားမယ်။ပြုစုပြီးရင် အစည်းအဝေးကိုလည်း ၄ ရက်တာ အစည်းအဝေးအတွင်းမှာ ဆွေးနွေးထားတာတွေ အကုန်လုံးကို ပြန်လည် ခြုံငုံပြီးတော့မှ ဘုံသဘောထားတွေ ချမှတ်နိုင်ဖို့အတွက် နောက်ထပ် အစည်းအဝေး ၁ ရက်ကို ထပ်ပြီး တိုးမှာ ဖြစ်ပါတယ်။၃၀ ရက်နေ့တစ်ရက် ထပ်တိုး ကျင်းပမှာ ဖြစ်ပါတယ်။”ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)မှ ခွန်မြင့်ထွန်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား မူလက ဇူလိုင် ၂၆ ရက်မှ ၂၉ ရက်ထိ ကျင်းပ ပြုလုပ်ရန် လျာထားခဲ့ပြီးနောက် ယခုအခါတွင် ၁ ရက် ထပ်မံ၍ ဇူလိုင်လ ၃၀ ရက် အထိ တိုးမြှင့်သွားမည် ဖြစ်သည်။

ထိုအစည်းအဝေးတွင် အဓိက ရည်ရွယ်ချက် ၂ ခု ဖြစ်သည့် ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေး အတွက် အကြို ညှိနှိုင်းရေး နှင့် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ နိုင်ငံရေး ဘုံ သဘောထားတို့အပေါ် အခြေခံပြီး ခေါင်းစဉ်ကြီး ၄ ခု ဖြစ်သည့် ပင်လုံ လက်စွဲ စာတမ်း ဆွေးနွေးခြင်း ၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေများ အတွက် အခြေခံမူများ ၊ လုံခြုံရေး နှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများ နှင့် နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ရေး တို့ကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.