Connect with us

Politics, Law & Military

ရန်ကုန်လေဆိပ်၌ မလေးရှားသို့ သယ်ဆောင်မည့် ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါး အချို့အား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ကျပ်သိန်း တစ်ထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ WY စာတန်းပါ စိတ်ကြွ ဆေးပြားများကို သယ်ဆောင်လာသော အမျိုးသမီး တစ်ဦးကို ပြည်ပ ထွက်ခွာဆောင်တွင် ဇူလိုင်လ ၂၅ ရက် နံနက် ၁၀ နာရီကျော်က ဖမ်းဆီး ရမိခဲ့သည်။

ယင်း ဖမ်းဆီးရမိသူသည် ဧရာဝတီတိုင်း ဒေသကြီး၊ ဇလွန်မြို့တွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ်ရှိ မစုမွန်ခိုင် ဖြစ်ပြီး မလေးရှားလေကြောင်း ခရီးစဉ် အမှတ် MH-၇၄၁ ဖြင့် ထွက်ခွာရန် ခရီးဆောင်အိတ်ကို စက်ဖြင့် စစ်ဆေးခဲ့ရာ အိတ်အတွင်း တိပ်အနက်ဖြင့် ပတ်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၃၄,၀၀၀ ပြားကို တွေ့ရှိခဲ့သည်။

ရန်ကုန်လေဆိပ်တွင် စိတ်ကြွဆေးပြားနှင့် အတူ ဖမ်းမိခဲ့သည့် အမျိုးသမီးကို မင်္ဂလာဒုံမြို့မ ရဲစခန်းက မူးယစ် (ပ) ၁၃/ ၁၆၊ မူးယစ် ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/ ၁၉(က)/၂၀(ခ) ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.