Politics, Law & Military
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ တွင် လူကုန်ကူးမှုပေါင်း ၁၈ မှု ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
လူကုန်ကူးမှုပေါင်း ၁၈ မှု တွင် တရားခံပေါင်း ၅၈ ဦး (အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၄၁ဦး) ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးခံရသူပေါင်း အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂၇ဦး၊ စုစုပေါင်း ၃၁ ဦးရှိကြောင်း ၎င်းလူကုန်ကူးခံရသူ ၃၁ ဦးတွင် ကလေး ၅ ဦး ပါဝင်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူကုန်ကူးမှုပေါင်း ရှမ်းပြည်နယ် တွင် ၄ မှု၊ ကချင်ပြည်နယ် တွင်၄ မှု၊ ရန်ကုန်တိုင်းဒေသကြီး တွင် ၃ မှု ၊ မန္တလေးတိုင်းဒေသကြီးတွင် ၃မှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂ မှု၊ မွန်ပြည်နယ်တွင် ၂ မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)