Politics, Law & Military
၂၀၁၉ ခုနှစ်၊ ဧပြီလအထိ တရားမဝင် ကုန်စည်များ ဖမ်းဆီးအရေးယူမှု (၅၁၂)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉.၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် တရားမဝင်ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးအရေးယူမှု (၅၁၂)ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၉ . ၁၁၃ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၇) ကြိမ်မြောက် လစဉ်ပုံမှန်တွေ့ဆုံဆွေးနွေးပွဲ တွင်ပြောကြားခဲ့သည်။
နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆိုသည်။ (Xinhua)