Connect with us

Science & Technology

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းသွားသည့် တနင်္သာရီတံတားသစ် တည်ဆောက်နေမှု စီမံကိန်း ၄၁ ရာခိုင်နှုန်း ပြီးစီး

တံတားဆောက်လုပ်နေသည့် အခြေအနေအား တွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်-တနင်္သာရီ-ဘုတ်ပြင်း-ကော့သောင်းသွားသည့် ပြည်ထောင်စုလမ်းကြီးတစ်လျှောက်ရှိ အရေးပါသော တံတားများအနက် တစ်စင်းဖြစ် သည့် မိုင်တိုင်အမှတ်(၄၉/၄)နှင့်(၄၉/၆)အကြားရှိ တနင်္သာရီမြို့သို့အဝင်တနင်္သာရီမြစ် ကိုဖြတ်၍ တနင်္သာရီတံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄)မှ တာဝန်ယူဆောက်လုပ်လျက်ရှိရာ စက်တင်ဘာ ၂၄ ရက်အထိ တံတားတစ်စင်းလုံးတည်ဆောက်ရေးစီမံကိန်းလုပ်ငန်း၏ ၄၁ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းတနင်္သာရီတံတား၏ အရှည် မှာ ၁၄၄၃ . ၆၄ ပေ၊(၄၄ဝ) မီတာ၊ ယာဉ်သွားလမ်း အကျယ်မှာ ၂၇ . ၈၉ ပေ၊ (၈.၅)မီတာ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃.၂၈ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၁၆၄ ပေ၊ ရေလမ်း ကင်းလွတ်အမြင့်မှာ ၁၉.၆၉ ပေဖြစ်၍ ၎င်းတံတား အမျိုးအစားမှာ အောက်ခြေ အုတ်မြစ်က ဘိုးပိုင်အုတ် မြစ်၊ ကိုယ်ထည် မှာRCကွန်ကရစ် ဖြစ်ပြီး အပေါ်ထည်မှာ RC Girder(ဂါဒါ)၊ PC Girder(ဂါဒါ)၊ Steel Box Girder(ဂါဒါ)နှင့် RC Decking တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်ရေး စီမံကိန်းအား တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ (၂ဝ၁၇-၂ဝ၁၈)ခုနှစ် ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ်သန်း ၁၁,၅ဝဝ ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းအောင်က စီမံကိန်းတာဝန်ခံ အဖြစ် တာဝန်ယူဆောက်လုပ်လျက်ရှိရာ ယခုလက်ရှိ ၂ဝ၁၈ ခုနှစ် ဧပြီလ မှ စက်တင်ဘာလ အထိ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ကျပ်သန်း ၃၇ဝဝ ဖြင့် တံတားစီမံကိန်း၏ ၄၁ ရာခိုင်နှုန်း အထိ ပြီးစီးနေပြီဖြစ်ကာ ၂ဝ၂ဝ ပြည့်နှစ် မတ်လအတွင်း ၎င်းတံတား စီမံကိန်း အချောသပ် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည့် ရန်ပုံငွေများ ရရှိနိုင်ရေးအတွက် တိုင်း ဒေသကြီး အစိုးရအဖွဲ့ နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းတနင်္သာရီ တံတားသစ်တည်ဆောက်ရခြင်းမှာ လွန်ခဲ့သော ၁၉၉၉ ခုနှစ် ဇွန်လ ကတည်းက ဆောက်လုပ်ခဲ့သည့် သံကူကွန်ကရစ် လွန်တူးပိုင်နှင့် ရေတွင်းခွေ အုတ်မြစ်ဖြင့် ဘေလီသံကူကွန်ကရစ် အမျိုးအစား တနင်္သာရီတံတားဟောင်းမှာ ၂ဝဝဝ ပြည့်နှစ် နိုဝင်ဘာလ ၁၂ ရက်တွင် ကုန်နှင့်ကားတန်ချိန် ၂၇ တန်ကို ခွင့်ပြု ခဲ့သော်လည်း ယခုအခါတွင် နှစ်ကြာလာသည်နှင့်အမျှ သဘာဝရာသီဥတုဒဏ်၊ နေ့စဉ် ဖြတ်သန်းသွားလာနေကြသော ကုန်တင်ယာဉ်များ ဒဏ်ကြောင့် လက်ရှိ အချိန်တွင် လမ်းဦးစီးဌာနမှ ကုန်နှင့်ယာဉ် အလေးချိန် ၁၈ တန် ကိုသာ သွားလာ ခွင့်ပြုခဲ့ပြီး ၁၈ တန် ထက် တန်ပိုတင်ဆောင်လာသော ကုန်တင်ယာဉ်များအား တန်ပို စစ်ဆေးရေးဂိတ်များမှ တစ်ဆင့် ကုန်ပစ္စည်းများကို ခွင့်ပြုတန်ချိန်ဖြင့် သာ ၎င်းတံတားပေါ်မှ ဖြတ်သန်းသွားလာရမည်ဖြစ်သဖြင့် ကုန်ပစ္စည်းများကို တင်လိုက်၊ ချလိုက် ပြုလုပ်နေရပြီး ကဲ့ကားနှင့် အကြိမ်ကြိမ် သယ်ယူနေရသဖြင့် ခရီးသွား လာမှုနှင့် ကုန်စည်စီးဆင်းမှုများ နှောင့်နှေးမှု ကြုံတွေ့နေရသောကြောင့် တံတား ဟောင်းမပျက်စီးခင် ကြိုတင်၍ ၎င်းတံတားသစ်အား ထပ်မံဆောက်လုပ်ပေးခြင်း ဖြစ်သည်။ ပြည်သူများအနေဖြင့် အဆိုပါတံတားသစ်အား ၂ဝ၂ဝ ပြည့်နှစ် မတ်လ အတွင်း စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.