Connect with us

Science & Technology

တွံတေးမြို့နယ် ဗိုလ်ချုပ်လမ်းမကြီးအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်မည်

ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဗိုလ်ချုပ်လမ် မကြီး မိုင်တိုင် (ဝ)မိုင်(၄)ဖာလုံမှ (၁)မိုင် (၂)ဖာလုံအတွင်း (၁၈)ပေအကျယ် ကတ္တရာလမ်းအား လမ်းအနိမ့်အမြင့် ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာ လောင်းခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

တွံတေးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက တွံတေးမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဗိုလ်ချုပ်လမ်း မကြီးအား အဆင့်မြှင့်တင်ပေးရန်နှင့် စည်ပင်သာယာ နယ်နိမိတ် စီမံခန့်ခွဲမှုအတွင်း ထည့်သွင်းပေးရန် အစီအစဉ်ရှိ၊မရှိကို သိရှိလိုပါကြောင်း မေးမြန်းရာ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၈ရက်မြောက်နေ့ကို ယနေ့၊ နံနက် (၁၀)နာရီတွင် ကျင်းပခဲ့သည်။

“လမ်းဦးစီးဌာနမှ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းလမ်း၊ ၊ဗိုလ်ချုပ်လမ်းမကြီး မိုင်တိုင် (ဝ) မိုင် (၁)ဖာလုံမှ (ဝ)မိုင် (၅)ဖာလုံ၊ မြို့တွင်း ဈေးလမ်းမကြီး အတွင်း ဝဲဘက်ခြမ်း ၂၄၅၀ပေအရှည်၊ ပျှမ်းမျှ ၁၆ ပေ အကျယ်၊ ယာဘက်ခြမ်း ၁၉၁၀ ပေ အရှည်၊ ပျှမ်းမျှ ၁၂ ပေ အကျယ် စုစုပေါင်း ၄၃၆၀ ပေ အရှည်ကို လမ်း ချဲ့ပေးခြင်းလုပ်ငန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်လည်းကောင်း၊ ၎င်းလမ်း၏ မိုင်တိုင် (ဝ)မိုင်(၄)ဖာလုံမှ (၁)မိုင်(၂)ဖာလုံအတွင်း (၁၈)ပေအကျယ် ကတ္တရာလမ်းကို လမ်းအနိမ့်အမြင့် ဖြေညှိပြီးတော့ ကတ္တရာ ရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ရန် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေမှလည်းကောင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဒီလမ်းပိုင်းဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသော လမ်းဖြစ်ပါတယ်” ဟု ဝန်ကြီးက ပြောသည်။

တွံတေးမြို့နယ် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ ဗိုလ်ချုပ်လမ်းမကြီးသည် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း လမ်းမကြီးပိုင်းအတွင်းတွင်ပါရှိပြီး လမ်းဦးစီးဌာနပိုင် ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေးဝန်ကြီး ဌာန၏ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲသောလမ်း ဖြစ်ခြင်းကြောင့် စည်ပင်သာယာရေး ဦးစီးသို့ လွှဲပြောင်းပေးအပ်ရန် လောလောဆယ် အစီအစဉ်မရှိပါကြောင်း ဝန်ကြီးက ဆက်လက်ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.