Connect with us

Science & Technology

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာ -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ (၂၂) ရွာအား လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးတော့မည်

မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာ ဖလံကျင်းဓါတ်အားခွဲရုံအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ဖလံကျင်းကျေးရွာ ဖလံကျင်းဓါတ်အားခွဲရုံ (33/11KVA,5MVA) တည်ဆောက်ပြီး၍ မိတ္ထီလာ -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ ကျေးရွာ(၂၂)ရွာအား အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူးတော့ မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

မုန်တိုင်ကျေးရွာအုပ်စု ဖလံကျင်းကျေးရွာ၌ အောင်သောင်းကုမ္ပဏီမှ တာဝန်ယူ၍ (33/11KV, 5 MVA) ဖလံကျင်းဓာတ်အားခွဲရုံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာလ ပထမပတ်မှ စတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းတည်ဆောက်ခြင်းနှင့်အတူ 33KV ဓာတ်အားလိုင်း (၇.၆) မိုင် တည်ဆောက်ခြင်း၊ 11KV ဓာတ်အားလိုင်း (၂၃.၇၄) မိုင်နှင့် 11/0.4KV, (200) KVA ထရန်စဖော်မာ (၂၂) လုံး တည်ဆောက်ခြင်းကို မြောက်လည်ကျေးရွာအုပ်စုမှ မြောက်လည်၊ ထိန်ကန်၊ သိမ်းကုန်း၊ မုန်တိုင် ကျေးရွာအုပ်စုမှ ဖလံကျင်း၊ မုန်တိုင်၊ သရက်ခြံ၊ လဲတော၊ ညောင်ပင်သာ၊ သရက်ပင်ကျေးရွာအုပ်စုမှ အိုင့်ကုန်း၊ ဆပ်ပြာကျင်း၊ သရက်ပင်(ရ)၊ သရက်ပင်(န)၊ တပျော်ကျေးရွာအုပ်စုမှ မကျည်းတန်း၊ လက်ပံအိုင့်၊ ကြာကန်၊ သဲတော၊ ရှမ်းမငယ် ကျေးရွာအုပ်စုမှ သပြေကုန်း၊ ဂတ်ကုန်း၊ ညောင်လည်၊ ရေဝေကျေးရွာအုပ်စုမှ ရေဝေ၊ အင်းမ၊ ကန်သာစသည့် ကျေးရွာအုပ်စု(၆)စုမှ ကျေးရွာ(၂၂)ရွာကို ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အဆိုပါ တည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ ကျေးရွာ(၂၂)ရွာကို လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူးနိုင်ရေးအတွက် အောက်တိုဘာလ ၇ ရက်နေ့တွင် Test Lab ဌာန မန္တလေး လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးဉာဏ်စိုး ဦးဆောင်၍ ဓာတ်အားလွှတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်တွင် Float Charge ဖြင့် 33/11KV,5MVA ထရန်စဖော်မာသို့ ဓာတ်အားများ စတင် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

၎င်းလုပ်ငန်းများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် 33/11KV, (5)MVA ခွဲရုံ တည်ဆောက်ခြင်း၊ 33KV ဓာတ်အားလိုင်း (၇.၆) မိုင်တည်ဆောက်ခြင်း၊ 11KV ဓာတ်အားလိုင်း (၂၃.၇၄)မိုင်နှင့် 11/0.4KV, (200)KVA ထရန်စဖော်မာ (၂၂)လုံး တည်ဆောက်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေး လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ ကြီးကြပ်ပြီး အောင်သောင်းကုမ္ပဏီမှ တာဝန်ယူ၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.