Connect with us

Science & Technology

နည်းပညာ အစိုးရ ဖြစ်လာရန် မျှော်မှန်းဟု ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဒုတိယ ဝန်ကြီး ပြောကြား

Myanmar Broadband Forum 2016 အား နေပြည်တော်၌ ကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

နည်းပညာ အစိုးရ Smart Government ဖြစ်လာရန် မျှော်မှန်း ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယနေ့ဇူလိုင်လ ၈ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော Myanmar Broadband Forum 2016 ၌ ထည့်သွင်း ပြောကြားခဲ့သည်။

နည်းပညာ အစိုးရ ဖြစ်စေခြင်းဖြင့် အုပ်ချုပ်မှုပိုင်း ဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်တက်စေပြီး ကုန်ကျစရိတ်များကို လျော့ကျစေမည် ဖြစ်ကြောင်း ၊ အခွန်အကောက် ကဏ္ဍများတွင်လည်း ပိုမို လွယ်ကူသွားစေနိုင်ကြောင်း ၊ နိုင်ငံ၏ ကြိုးမဲ့အင်တာနက် ချိတ်ဆက် စနစ်(Broadband) ဈေးကွက်နှင့် ICT နည်းပညာ ကဏ္ဍသည် ကြီးမားသော်လည်း အခြေခံ အဆောက်အအုံပိုင်းတွင် အားနည်းမှုများ ရှိနေသေးသည့် အတွက် ကြိုးမဲ့အင်တာနက် ချိတ်ဆက်မှု အခြေခံ အဆောက်အအုံ နှင့် ICT နည်းပညာ ထုတ်လုပ်မှုတွင် ရင်းနှီးမြုပ်နှံမှုများ လိုအပ်ကြောင်း ၊ ထိုအပိုင်းများ နှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများအား အားပေး မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့စက်မှု နဲ့စီးပွားရေး လုပ်ငန်းတွေ တိုးတက် ပြောင်းလဲစေဖို့အဓိက လုပ်ဆောင်ရမှာကတော့ ဒီဂျစ်တယ် စနစ်ကို ပြောင်းလဲဖို့အတွက် လွယ်ကူ ချောမွေ့အောင် ကြိုးမဲ့အင်တာနက် ချိတ်ဆက် စနစ် (Broadband) ကျယ်ပြန့်မှု နဲ့ICT နည်းပညာ တိုးတက်ရေးတွေက လုပ်ဆောင်ပေးပါတယ်”ဟု ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့သည်။

ထို့အတူ အစိုးရမှ ချမှတ်ထားသည့် ရည်ရွယ်ချက် ဖြစ်သည့် လူဦးရေ ၈၅ ရာခိုင်နှုန်း အင်တာနက် သုံးစွဲနိုင်ခွင့် ရရှိရေးကို အကောင်အထည် ဖော်နိုင်ရန် ဖိုရမ်တွင် ဆွေးနွေးခဲ့ပြီး ထိုသို့ဆောင်ရွက်နိုင်ရန် စက်မှုလုပ်ငန်းများ ပူးပေါင်း လုပ်ကိုင်ခြင်းနှင့် ဆန်းသစ်သော နည်းပညာများ အတွက် မူဝါဒများ ချမှတ်ပေးခြင်းဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကြိုးမဲ့အင်တာနက် ချိတ်ဆက် စနစ် (Broadband) ထိုးဖောက်ဝင်ရောက်ခြင်းသည် မြန်မာနိုင်ငံ၌ ၁ ရာခိုင်နှုန်း အောက်သာ ရှိသည့် အတွက်ကြောင့် နေရာဒေသများစွာတွင် တိုးတက်ရန် အခွင့်အရေးများ နှောင့်နှေးမှုများ ဖြစ်စေသည့်အတွက် ပိုမိုကောင်းမွန် မြန်ဆန်သော ကြိုးမဲ့အင်တာနက် ချိတ်ဆက် စနစ် (Broadband) ဖြစ်လာစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဖိုရမ်မှ သိရသည်။

ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ Huawei မှ ကူညီ ဆောင်ရွက်ပေးသည့် ပထမဦးဆုံး အကြိမ် အဖြစ် Myanmar Broadband Forum အား “Better Connected Myanmar” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်ရာတွင် အစိုးရ ဝန်ကြီးဌာနများ ၊ ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသော MPT ၊ Telenor နှင့် Ooredoo ၊ နိုင်ငံတကာမှ စက်မှု လုပ်ငန်းရှင်များ ၊ ဆက်သွယ်ရေး နှင့် ကြိုးမဲ့ အင်တာနက် ချိတ်ဆက် စနစ် (Broadband) အတွက် အတိုင်ပင်ခံ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.