Connect with us

Local

e-Government အောင်မြင်ရေး ဆောင်ရွက်သွားမည်

e-Government Conference and ICT Exhibition 2017 တွင် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင် အဖွင့် အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော် ၊နိုဝင်ဘာ ၇ ရက်၊ ဆင်ဟွာ

အစိုးရ၏ အချက်အလက် ကိန်းဂဏန်း အများစုကို မည်သူမဆို ကြည့်ရှုအသုံးပြုခွင့် ရှိစေရမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က e-Government Conference and ICT Exhibition 2017 အခမ်းအနား အဖွင့် အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“ပြည်သူတွေ လိုလားနေကြတာက အစိုးရရဲ့ ပွင့်လင်းမှန်ကန်တဲ့ စာရင်းဇယား အချက်အလက်တွေပဲ ဖြစ်ပါတယ်၊ တကယ်တော့ အစိုးရရဲ့ အချက်အလက် ကိန်းဂဏန်း အများစုက ပြည်သူပိုင်တွေ ဖြစ်ပါတယ်၊ ဒါကြောင့် ပြည်သူတွေ အကျိုးစီးပွား အတွက် လိုအပ်သလို အသုံးပြုနိုင်စေဖို့ ရယူ နိုင်အောင် မည်သူမဆို ကြည့်ရှု အသုံးပြုခွင့် ရှိစေရပါမယ်” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက်ပြုလုပ်သော e-Government Conference and ICT Exhibition 2017 အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

e-Government Conference and ICT Exhibition 2017 တွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်း ဥက္ကဋ္ဌ ဦးခွန်ဦး အမှာစာကား ပြောကြားစဉ် (ဆင်ဟွာ)

e-Government လုပ်ငန်းများ ဆောင်ရွက်နိုင်သည်နှင့် အမျှ အဆိုပါ အချက်အလက်များ ကိန်း ဂဏန်းများကို အစိုးရဌာနများကပါ ရယူ သုံးစွဲနိုင်ကြမည်ဖြစ်ပြီး အလွန်အကျိုးရှိလာမှာ ဖြစ်ကြောင်း၊ ပြည်သူကို ဝန်ဆောင်မှု ပေးခြင်းသည် အစိုးရ၏ အဓိက လုပ်ငန်း ဖြစ်ကြောင်း၊ ပြည်သူတို့၏ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့ ရရှိနိုင်ဖို့အတွက် အစိုးရက ပြည်သူကို ပေးသည့် ဝန်ဆောင်မှု များအပေါ် ပြည်သူတို့ ကျေနပ်ဖို့ အရေးကြီးကြောင်း၊ ယနေ့ခေတ်၌ ယခင်ထက် ပိုပြီး ပွင့်လင်း မြင်သာ ရှိဖို့၊ အချက်အလက်များ ထုတ်ပြန်ပေးဖို့နှင့် လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်ပေးဖို့တို့ကို ပြည်သူတို့ လိုလားခလျက်ရှိကြောင်း၊ အစိုးရဌာနများ အနေဖြင့် ပွင့်လင်း မှန်ကန်သည့် စာရင်း ဇယားများကို အသုံးပြုပြီး ဆန်းသစ်သည့် ဝန်ဆောင်မှုများကို ဖန်တီးလာနိုင်မှာ ဖြစ်သောကြောင့် e-Government အောင်မြင်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ထိုသို့ အောင်မြင်ရန် ICT (Information and Communication Technology) အကူအညီ မပါဘဲ လုံး၀ မဖြစ်နိုင်ကြောင်း၊ e-Government ဖွံ့ဖြိုးရန် နိုင်ငံ၏ ICT Industry တိုးတက်ဖို့ လိုအပ်ကြောင်း၊ အစိုးရဌာနများတွင် e-Government ကို လက်တွေ့ရင်ဆိုင် လုပ်ကိုင်နေရသည့် CIO (Chief Information Officer) များ၏ ကျွမ်းကျင်မှု မြင့်မားသလောက်၊ တာဝန်သိစိတ် ရှိသလောက် e-Government ၏ စိန်ခေါ်မှုများကို အေင်မြင်စွာ ကျော်လွှားနိုင်မှာ ဖြစ်ကြောင်းနှင့် သက်ဆိုင်သူ အားလုံးက နိုင်ငံနှင့် လူမျိုးအတွက် တတ်အားသရွေ့ စွမ်းဆောင်ကြမည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

e-Government Conference and ICT Exhibition 2017 အခမ်းအနား ကျင်းပစဉ် (ဆင်ဟွာ)

e-Government Conference and ICT Exhibition 2017 ကို ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ် (ဆင်ဟွာ)

e-Government Conference and ICT Exhibition 2017 ပွဲသို့ တက်ရောက်လာသူများ စုပေါင်းဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

နိုဝင်ဘာ ၇ ရက်မှ ၈ ရက်ထိ နှစ်ရက်တိုင် ပြုလုပ်မည့် အဆိုပါ အခမ်းအနားဖွင့်ပွဲသို့ e-Government, ICT တို့နှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီး ရှစ်ဦးနှင့် ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ CIO များ၊ ပြည်တွင်း ပြည်ပမှ Speakers များ၊ စာတမ်းရှင်များ၊ မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာ အသင်းများမှ အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး၏ အဖွင့်မိန့်ခွန်း အပြီးတွင် မြန်မာနိုင်ငံ ကွန်ပျူတာအသင်း ဥက္ကဋ္ဌ ဦးခွန်ဦးက အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် e-Government Conference and ICT Exhibition 2017 အခမ်းအနား ဖွင့်လှစ်ခြင်း၊ စုပေါင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် ပြခန်းများသို့ လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယခု အခမ်းအနားသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ထက် ပို၍ ထူးခြားသည့် အချက်မှာ ယခင်နှစ်ကကဲ့သို့ ပြည်တွင်း ပြည်ပ ICT ကုမ္ပဏီများသာမက ဝန်ကြီးဌာနများ၏ e-Government စနစ်များ အကောင်အထည်ဖော်မှုများ လေ့လာသိရှိနိုင်ရန် ဝန်ကြီးဌာနများနှင့် ပြည်နယ် တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၏ ပြခန်း နှစ်ဆယ် ပါဝင်ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီ ၃၇ ခုတို့ကလည်း ၎င်းတို့၏ solution များ၊ နည်းပညာများ ပြသထားသည့် ပြခန်း ၇၇ ခန်း ပါဝင်ပြသ ထားကြောင်း၊ ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်နေသည့် အစိုးရ၏ လုပ်ငန်းများ လွယ်ကူ လျင်မြန် ထိရောက်စေရန်နှင့် e-Government အကောင်အထ်ဖော်နိုင်ရေး၊ ICT စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုး တိုး တက် ရန် အထောက်အကူ ဖြစ်ရေး၊ အစိုးရဌာနများနှင့် ကွန်ပျူတာ အသင်းများ ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင်နိုင်ရေးတို့အတွက် ယခု အခမ်းအနားကို ကျင်းပရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူ တာ အသင်း ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောခဲ့သည်။ (Xinhua)