Connect with us

Science & Technology

နိုင်ငံပိုင်ဂြိုဟ်တု စနစ် တည်ထောင်ရေး လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ရမည်ဟု ဒုတိယ သမ္မတ ဦးမြင့်ဆွေ ပြောကြား

မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး လျင်မြန်စွာ အကောင်အထည်ဖော် နိုင်ရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ယနေ့ဇူလိုင် ၃ ရက်တွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။

နိုင်ငံအနေဖြင့် လက်ရှိအခြေအနေတွင် ဂြိုဟ်တုလွှတ်တင်ထားသည့် နိုင်ငံများ၏ ဂြိုဟ်တုကို ကွန်ဒို စနစ်ကဲ့သို့ အခန်းများ ငှားရမ်း၍ အသုံးပြုနေရကြောင်း၊ အမေရိကန် နိုင်ငံ၏ Intel Sat ဂြိုလ်တုကို Myanmar Sat -2 အမည်ဖြင့် လွှတ်တင်၍ အချိုးကျ ငှားရမ်း ပိုင်ဆိုင်ခွင့်ရရှိရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ Myanmar Sat – 2 ဂြိုဟ်တုတွင် မြန်မာနိုင်ငံအနေဖြင့် C-Band ၆ လုံးနှင့် Ku Band ၆ လုံးတို့ကို အသုံးပြု နိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေးအတွက် Myanmar Sat-2 ဂြိုဟ်တု ငှားရမ်းဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့၏အတည်ပြုချက်ဖြင့် လွှတ်တော်သို့ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အလုံးစုံပိုင်ဆိုင်သည့် ကိုယ်ပိုင် ဂြိုဟ်တု စနစ် တစ်ရပ် ပိုင်ဆိုင်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

နိုင်ငံပိုင် ဂြိုဟ်တုစနစ်ဖြင့် နိုင်ငံ၏ ကဏ္ဍမျိုးစုံကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားကြ ရမည် ဖြစ်ကြောင်း ကိုလည်း ၎င်းက မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.