Connect with us

Science & Technology

ပုရွက်ဆိတ်ကုန်း – တညင်းကုန်းသံလမ်းပိုင်း အဆင့် မြှင့် တင်မည်

မြန်မာ့မီးရထားမှ ပြေးဆွဲလျက်ရှိသည့် ရထားတစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းကို အဆင့်မြှင့်တင် လျက်ရှိရာ မြို့ပတ်ရထားလမ်းပိုင်းတွင် ပါ ဝင်သည့် ပုရွက်ဆိတ်ကုန်းဘူတာမှ တညင်းကုန်းဘူတာ အထိ သံလမ်းပိုင်း အဆင့်မြှင့် တင်ခြင်းကို အောက်တိုဘာ ၁ ရက်တွင် စ တင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အချက်ပြမီးများ အဆင့်မြှင့်တင်မှုကိုလည်း ဆောင်ရွက်မည်ဖြစ်ကာ ရထားလမ်းနှင့် ကားလမ်း ကူးဂိတ်များကို အော် တိုစနစ်များ တပ်ဆင်ပေးမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အဆင့်မြှင့်တင်လိုက်သည့် အတွက် အချက်ပြ စနစ် များကောင်းလာမည်ဖြစ်ရာ နောက်ပိုင်းတွင် ရထားများအချက်ပြမီးနီ၍ ရပ်ရခြင်း၊ အချက်ပြ မီးမကောင်း၍ ရပ်တန့် ရခြင်း များမရှိနိုင် တော့ကြောင်း အစိုးရသတင်းဌာနတွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.