Connect with us

Science & Technology

ရန်ကုန်မြို့အတွင်း ဆောက်လုပ်နေသော ကန်ထရိုက်တိုက်များ သတ်မှတ်ရက်အတွင်း တည်ဆောက်ခြင်း မရှိဘဲ ရပ်နားထားပါက တိုင်ကြားနိုင်

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်း တချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တွင်းရှိ မြို့နယ် အသီးသီး၌ ဆောက်လုပ် နေသော ကန်ထရိုက် တိုက်များ သတ်မှတ်ရက် အတွင်း တည်ဆောက်ခြင်း မရှိဘဲ ရပ်နားထားပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တိုင်ကြား နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး ကော်မတီ (အဆောက်အအုံ ဌာန) တာဝန်ရှိသူ ကပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီး၌ ဆောက်လုပ်နေသော ကန်ထရိုက်တိုက် များသည် ဆောက်လက်စ ကန်ထရိုက်တာများ ငွေကြေး မလည်ပတ် ခြင်းကြောင့် ရပ်နားထား ရခြင်းနှင့် လိုင်စင်မဲ့ ကန်ထရိုက်တာ များဖြင့် တည်ဆောက်ခြင်း များကြောင့် အခက်အခဲများဖြင့် တွေ့ကြုံနေပြီး တည်ဆောက်နေစဉ် ရပ်နားထားပါက စည်ပင်သာယာရေး ကော်မတီ အနေဖြင့် သက်တမ်းထပ်မံ တိုးရန် ညွှန်ကြားထား သော်လည်း သက်တမ်းတိုးခြင်း မရှိသော ကန်ထရိုက်တာ များကို လိုင်စင်ပိတ်သိမ်း သည်အထိ အရေးယူ နိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ အထပ်မြင့်စီမံကိန်း ၁ဝဝ ကျော်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဆောက်လုပ်ခြင်းအား ခေတ္တရပ်ဆိုင်း ခဲ့ခြင်းကြောင့် ဆောက်လုပ်ရေး လုပ်ငန်းအတွင်း ကြီးမားသော ဂယက်ဖြစ်ပေါ်ခဲ့ သည့်အတွက် ဆောက်လုပ်ရေး လုပ်ငန်းရှင် များနှင့် နိုင်ငံတော် အစိုးရကြား ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ လိုင်စင်ရ အဆောက်အအုံ ကန်ထရိုက်တာများ အသင်း ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်းဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.