Connect with us

Science & Technology

ချင်းပြည်နယ်ရှိ မြို့ခြောက်မြို့တွင် ဟိုတယ်များတည်ဆောက်ခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့အားမြင်တွေ့ရစဉ်

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

ဒေသဖွံ့ဖြိုး တိုးတက်ရေး နှင့် ဒေသခံ ပြည်သူများ အလုပ်အကိုင် ရရှိရေးအတွက် ချင်းပြည်နယ်ရှိ မြို့ခြောက်မြို့ ၌ ပြည်ထောင်စု အစိုးရအဖွဲ့က ဟိုတယ်များ တည်ဆောက်ခွင့်ပြု လိုက်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ချင်းပြည်နယ်၌ ပထမဆုံး ဟိုတယ်များ တည်ဆောက် ခွင့်ပြုခြင်း ဖြစ်ပြီး ဟားခါး၊ ဖလမ်း ၊ တီးတိန် ၊ ပလက်၀ ၊ မတူပီနှင့် ခိုင်ကမ်းမြို့ တို့၌ တည်ဆောက်မည် ဖြစ်ကာ အဆိုပြု လျှောက်လွှာများကို ယမန်နေ့မှ စ၍ ချင်းပြည်နယ် အစိုးရအဖွဲ့က ခေါ်ယူနေပြီး ဟိုတယ် တည်ဆောက် လိုသည့် တိုင်းရင်းသား လုပ်ငန်းရှင် များသည် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား လျှောက်ထား ရမည် ဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့က အဆိုပြုလွှာ အောင်မြင်သည့် လုပ်ငန်းရှင် များကို မြေနေရာ ငါးဧကနီးပါး ပေးမည်ဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ် တည်ဆောက်ရာတွင် အနည်းဆုံး အခန်း ၂ဝ ပါ ဟိုတယ်များ တည်ဆောက် ရမည် ဖြစ်သည်။။ ချင်းပြည်နယ် အစိုးရအဖွဲ့က သင့်လျော်သော နေရာကို ဆုံးဖြတ်စိစစ်ပြီး မှသာ ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြပြီး ခွင့်ပြုချက် ထပ်မံတောင်းခံ ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သဘာဝ အရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှု အနည်းဆုံး ဒေသများတွင် ပါဝင်သည့် ချင်းပြည်နယ်၌ သဘာဝအလှအပ ရှုခင်းများကို အခြေခံ၍ ချင်းပြည်နယ် အစိုးရအဖွဲ့က ခရီးသွား လုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်ခြင်း ဖြစ်ပြီး ယခုလအတွင်း နိုင်ငံခြား ခရီးသွား ဧည့်သည်များ ဖိတ်ခေါ်ပွဲ များကိုလည်း ပြုလုပ် ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.