Connect with us

Science & Technology

ရန်ကုန်- ဒလ ချစ်ကြည်ရေးကြိုးတံတားဆောက်လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်ဆောင်ရွက်မည်

ရန်ကုန်- ဒလ ချစ်ကြည်ရေးကြိုးတံတား ပုံကြမ်းအားတွေ့ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

ရန်ကုန်- ဒလ ချစ်ကြည်ရေးကြိုးတံတားကြီး ဆောက်လုပ်မှုလုပ်ငန်းများကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်မည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုအခါ ရေလမ်း ကြောင်း အခြေအနေတစ်ရပ်ကြောင့် တံတားဒီဇိုင်းသစ်ပြန်လည်ရေးဆွဲလျက် ရှိပြီး ယခုနှစ်ကုန်ပိုင်းမှ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနထံမှ သိရသည်။

ယခင်ရေးဆွဲထားသော ဒီဇိုင်းသည် အရှည်အားဖြင့် အခက်အခဲ မရှိသော်လည်း ရေလမ်းကင်းလွတ်အမြင့် နှင့် အကျယ်တို့မှာ သင်္ဘောကြီးများ ဖြတ်သန်းသွားလာရာတွင် အခက်အခဲ မဖြစ်ပေါ်စေရန်အတွက် ဆိပ်ကမ်း အာဏာပိုင်နှင့် ဆောက်လုပ်ရေးဝန်ကြီဌာနတို့ နှစ်ဖက်ညှိနှိုင်းသဘောတူညီကာ ဒီဇိုင်းပြန်လည်ရေးဆွဲ နေပြီဖြစ်ကြောင်း တံတားဦးစီးဌာနမှ သိရသည်။

ယင်းတံတားကြီး တည်ဆောက်ရန် အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း လျာထားပြီး ယင်းကုန်ကျမှု အနက် အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် ညီမျှသော ကိုရီးယားဝမ်ကို ကိုရီးယား သမ္မတနိုင်ငံမှ EDCF Loan ချေးငွေ ကူညီမှုဖြင့် တည်ဆောက်မည် ဖြစ်သည်။ တံတားတည်ဆောက်မှု စီမံကိန်းကာလမှာ ငါးနှစ်လျာထားပြီး ယာဉ်တစ်စီးချင်းခံနိုင်ဝန်မှာ ၇၅ တန် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.